ဆန်မှ ထုတ်လုပ်နိုင်သော တန်ဖိုးမြှင့်ထုတ်ကုန်များ

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်သော နိုင်ငံတစ်နိုင်ငံ ဖြစ်ရုံသာမက ဆန်စားသုံးမှု အမြင့်မားဆုံးသော နိုင်ငံလည်း ဖြစ်ပါသည်။ နိုင်ငံ၏ အဓိကအစားအစာဖြစ်သော ထမင်းကို ဆန်မှ ချက်ပြုတ်ပြီး စားသုံးကြပါသည်။

ထို့ပြင် ဆန်ကို အခြေခံပြီး ထုတ်လုပ်ထားသည့် တန်ဖိုးမြှင့်ထုတ်ကုန် များစွာကိုလည်း မြန်မာနိုင်ငံတွင် တွေ့ရှိရပါသည်။ ဆန်မှ ထုတ်လုပ်ထားသော ဆန်အရက် (ဆိုဂျူး) သည် အလွန် နာမည်ကြီးပြီး ဆန်ဘီစကစ်၊ ဆန်မုန့်ကြွပ်၊ ဆန်ခေါက်ဆွဲ၊ ဆန်ကြာဇံ၊ ဆန်ကိတ်မုန့်၊ ဖွဲနုဆီ၊ ဆန်ပြုတ်၊ ကလေးအာဟာရဖြည့်စွက်စာ ဆန် Puff နှင့် အခြား ဆန်ထုတ်ကုန် အမျိုးမျိုးကိုလည်း ထုတ်လုပ်နိုင်ပါသည်။ ဆန်မှ ရှာလကာရည်နှင့် ဆန်နို့တို့ ထုတ်လုပ်နိုင်ကြောင်းကိုလည်း တွေ့ရှိရပါသည်။

တစ်ကမ္ဘာလုံး အတိုင်းအတာအနေနှင့် ကြည့်မည်ဆိုပါက အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံသည် ဆန်စားသုံးမှု အများဆုံးသော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း တွေ့ရှိရပါသည်။ ယခုအခါ ကိုရီးယားဇာတ်လမ်းတွဲများ၏ လွှမ်းမိုးမှုကြောင့် ဆန်မှ ချက်လုပ်ထားသော ဆိုဂျူးအရက်သည် ကမ္ဘာတစ်လွှား ကျော်ကြားလာပါသည်။ ဆန်အရက်ကို အာရှတိုက်၊ အရှေ့တောင်အာရှ၊ အာရှအရှေ့နှင့် တောင်အာရှ‌ဒေသများတွင် သောက်သုံးကြပါသည်။ ဆန်မှ ချက်လုပ်ထားသော ဆန်အရက်ကို ကိုရီးယားလူမျိုးများမှ ဆိုဂျူး၊ ဂျပန်လူမျိုးများမှ ဆကေး၊ တရုတ်လူမျိုးများမှ ရှောက်ဂျူးဟူ၍ အမျိုးမျိုးခေါ်ဝေါ် ကြပါသည်။

ဆိုဂျူးတွင် အရက် (၁၄) ရာခိုင်နှုန်းအထိ ပါဝင်ပြီး ဆောင်းရာသီတွင် သောက်သုံးပေးပါက သွေးလည်ပတ်မှု ကောင်းမွန်စေပြီး သွေးနှင့် အရေပြား လှုပ်ရှားမှုများကို အထောက်အပံ့ပေးပါသည်။ တရုတ်လူမျိုးများ၏ ရှောက်ဂျူး ဆန်အရက်တွင် ဗီတာမင် B နှင့် ဗီတာမင် E ဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး ဗီတာမင် B1, B2 နဲ့ Niacin ဓာတ်များလည်း ပါဝင်ပါသည်။ ဆန်အရက် (ဆန်ဝိုင်) ချက်လုပ်ပုံမှာ ဆန်ကစီဓာတ်ကို သဘာဝအတိုင်း အချဉ်ဖောက်ခြင်းဖြင့် အဏုဇီဝပိုးများသည် ၎င်း၏ ကစီဓာတ်များကို သကြားအဖြစ်သို့ ပြောင်းလဲသွားစေပါသည်။ အချဉ်ဖောက်ခြင်း လုပ်ငန်းစဉ်အတွင်း ထုတ်လုပ်ထားသော အင်ဇိုင်းများသည် အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းပျက်ခြင်းနှင့် အစာမကြေခြင်း ကဲ့သို့သော ပြဿနာများကို သက်သာပျောက်ကင်းစေပါသည်။ ထို့ပြင် ဆန်ဝိုင်ကို သောက်သုံးရုံသာမက ဟင်းချက်ရာတွင်လည်း အသုံးပြုနိုင်ပါသည်။ ဆန်အရက် (ဆန်ဝိုင်) တွင် ရေ၊ ဆန်၊ Yeast နှင့် Koji စသည့် ပစ္စည်းများ ပါဝင်ပြီး ဆန်အရက် (ဆန်ဝိုင်) ထုတ်လုပ်မှု လုပ်ငန်းစဉ်တွင် ပါဝင်သော ထုတ်လုပ်မှု အဆင့်များမှာ ဆန်ကို ရွေးချယ်ပြင်ဆင်ခြင်း၊ အချဉ်ဖောက်ခြင်းနှင့် နှစ်ချို့ခြင်းတို့ ဖြစ်ပါသည်။

ဆန်ကို အဓိကထား၍ ပြုလုပ်ထားသော ဆန်ကိတ်သည်လည်း ကိုရီးယားဇာတ်လမ်းတွဲများကို လူကြိုက်များမှုကြောင့် ထင်ရှားလာခြင်း ဖြစ်ပါသည်။ ဆန်ကိတ်အစိုသည် တော့ပိုကီပြုလုပ်ထားသော အဆာပြေ စားစရာတစ်မျိုးဖြစ်ပြီး ကိုရီးယားလူမျိုးများ ကြားတွင်သာမက အခြားနိုင်ငံများရှိ လူငယ်များအကြား လူကြိုက်များလျက်ရှိနေပါသည်။ ဆန်ကိတ်သည် အာဟာရတန်ဖိုး အနည်းငယ်သာ ပေးနိုင်သော်လည်း ကယ်လိုရီ၊ ဖိုင်ဘာနှင့် ပရိုတင်း ပါဝင်မှုလည်း မဆိုသလောက် နည်းပါးပါသည်။ မြန်မာ့အစားအသောက်နဲ့ စက်မှုအခန်းကဏ္ဍတွင် အရေးပါသော ဆန်ကြာဇံသည်လည်း ဆန်မှ ထုတ်လုပ်ထားသော ထုတ်ကုန်တစ်မျိုး ဖြစ်ပါသည်။ ဆန်ကြာဇံကို တရုတ်နိုင်ငံတွင် စတင်ထုတ်လုပ်ခဲ့ပြီး အိမ်နီးချင်းနိုင်ငံအချင်းချင်း ကုန်သွယ်မှုကြောင့် ယဉ်ကျေးမှုနှင့် အစားအသောက်များ ပျံ့နှံ့လာခြင်းမှ (၁၉) ရာစုနှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့ စတင်ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါသည်။ ဆန်ကြာဇံကို မြန်မာနိုင်ငံ အနှံ့အပြားတွင် ကြာဇံကြော်၊ ကြာဇံသုပ်၊ ကြာဇံဆီချက်၊ ကြာဇံဟင်းချို၊ အုန်းနို့ကြာဇံ စသည်ဖြင့် နေရာဒေသအလိုက် အမျိုးမျိုး ပြုလုပ်စားသုံးကြပါသည်။ ဆန်ကြာဇံတွင် ကယ်လိုရီဓာတ်နည်းပြီး ကာဗိုဟိုက်ဒရိတ်ပါဝင်မှု ပိုများသောကြောင့် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါသည်။ ဆန်ကြာဇံလုပ်ငန်းသည် ဒေသထွက်ကုန်ဖြစ်သည့် ဆန်ကို အဓိက အသုံးပြု၍ ထုတ်လုပ်သောကြောင့် နိုင်ငံတွင်း စီးပွားရေးနှင့် အလုပ်အကိုင် ဖန်တီးပေးနိုင်မှုတွင် အရေးပါသော စက်မှုလုပ်ငန်းတစ်ရပ်လည်း ဖြစ်ပါသည်။ မြန်မာ့စီးပွားရေးဈေးကွက်တွင် နာမည်ကြီးလာသော နောက်ထပ် ဆန်ထုတ်ကုန်တစ်မျိုးကတော့ ဖွဲနုဆီဖြစ်ပါသည်။ ဖွဲနုဆီသည် ဆန်ရရှိစေရန်အတွက် စပါးကို ကြိတ်ခွဲရာမှ ထွက်ရှိလာသော ဆန်၏ အပေါ်ယံအလွှာ ဖွဲနုမှ ထုတ်လုပ်ထားသောကြောင့် ၎င်းသည်လည်း ဆန်ထုတ်ကုန်တစ်မျိုး ဖြစ်ပါသည်။ ဖွဲနုဆီ ထုတ်လုပ်ရန်အတွက် ကုန်ကြမ်းကို မြန်မာနိုင်ငံ၏ အဓိက စီးပွားရေးလုပ်ငန်းဖြစ်သော စိုက်ပျိုးရေးလုပ်ငန်းမှ ရရှိသောကြောင့် ဖွဲနုဆီ ထုတ်လုပ်ခြင်းသည် ဆန်၊ စပါးစိုက်ပျိုးမှုကို မြှင့်တင်ပေးနိုင်ပြီး မြန်မာ့စိုက်ပျိုးရေးနှင့် စီးပွားရေးကို တိုးတက်စေသော လုပ်ငန်းဖြစ်ပါသည်။ ဖွဲနုဆီသည် အဆီဓာတ်နည်းပြီး အာဟာရဓာတ်များ ကြွယ်ဝစွာ ပါဝင်သော ဆီတစ်မျိုးဖြစ်သောကြောင့် ကျန်းမာရေးကို အထူးဂရုစိုက်သော စားသုံးသူများကြားတွင် နာမည်ကောင်းများနှင့် ကျော်ကြားနေသည်ကိုလည်း တွေ့ရှိရပါသည်။ ဆန်ကို ချက်ပြုတ်ခြင်းဖြင့် ရရှိလာသော ဆန်ပြုတ်သည်လည်း ဆန်မှ ရရှိသော ထုတ်ကုန်တစ်မျိုးဖြစ်ပါသည်။ ဆန်ပြုတ်သည် ချက်ပြုတ်ရ လွယ်ကူ၍ အာဟာရကြွယ်ဝသော အစားအစာဖြစ်သောကြောင့် မြန်မာနိုင်ငံတွင်သာမက အာရှတိုက်ရှိ နိုင်ငံအများစုတွင်လည်း စားသုံးကြပါသည်။ ဆန်ပြုတ်တွင် ခန္ဓာကိုယ်အတွက် ကောင်းမွန်စေသော အဓိက စွမ်းအင်ရင်းမြစ်ဖြစ်သည့် ကာဗိုဟိုက်ဒရိတ်နှင့် ဗီတာမင်၊ ပရိုတင်း၊ ဓာတ်သတ္ထုများ ပါဝင်ပြီး အရသာ၊ အာဟာရ ပိုရှိစေရန်အတွက် အသား၊ ငါး၊ ကြက်ဥနှင့် အသီးအရွက်များ ထည့်၍လည်း စားသုံးနိုင်ပါသည်။ ဈေးကွက်ထဲတွင် ထုတ်လုပ်ရောင်းချလျက်ရှိသော ဆန်ပြုတ်ထုပ်များတွင်လည်း ကြက်သားဆန်ပြုတ်၊ ငါးဆန်ပြုတ်၊ သက်သတ်လွတ်ဆန်ပြုတ်၊ နို့ဆန်ပြုတ်ဟူ၍ အရသာ အမျိုးမျိုးဖြင့် ထုတ်လုပ်ထားသည်ကို တွေ့ရှိနိုင်ပါသည်။

ထိုသို့ မြန်မာနိုင်ငံ၏ အဓိက ထုတ်ကုန်ဖြစ်သော ဆန်မှ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်၍ ဈေးကွက်အတွင်း တင်ပို့ရောင်းချခြင်းသည် နိုင်ငံ၏ စိုက်ပျိုးရေး၊ စီးပွားရေးကို တိုးတက်ကောင်းမွန်လာစေပြီး ပြည်သူများအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း များစွာကိုလည်း ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။

ဆန်မှ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်ပြီး ဈေးကွက်အတွင်း ရောင်းချလိုသော လုပ်ငန်းရှင်များအတွက် Super Seven Stars Industrial Development Co., Ltd မှ လိုအပ်သော ကူညီထောက်ပံ့မှုများနှင့် နည်းပညာမြင့် စက်ယန္တရားများဖြင့် အကောင်းမွန်ဆုံး ဝန်ဆောင်မှုပေးခြင်းတို့ကို ဆောင်ရွက်ပေးမည် ဖြစ်ပါသောကြောင့် Super Seven Stars Industrial Development ကုမ္ပဏီ၏ Hotline နံပါတ် 09-940844255 (သို့) e-mail address ဖြစ်သည့် info@sssindustrialdevelopment.com သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။

Leave a comment