တန်ဖိုးမြှင့်ထုတ်ကုန်များ၏ အရေးပါမှု

ကုန်ပစ္စည်းများ၏တန်ဖိုးကို မူလပမာဏထက် မြှင့်တင်ပေးသော လုပ်ငန်းစဉ်ကို တန်ဖိုးမြှင့်ထုတ်ကုန်များတွင် တွေ့မြင်နိုင်ပါသည်။ ကုန်ပစ္စည်းတော်တော်များများသည် မူလပထမအနေအထားတွင်ပင် တန်ဖိုးတစ်ခုရှိနေပြီး ဖြစ်ပါသည်။ ဥပမာအနေဖြင့် ခရမ်းချဉ်သီးကို အသီးအနေဖြင့် ရောင်းချပါက ဈေးရရှိပြီး ဖြစ်ပါသည်။ ထိုမှတဆင့် တန်ဖိုးမြှင့်ထုတ်ကုန်အနေဖြင့် ခရမ်းချဉ်သီးယို၊ ခရမ်းချဉ်သီးခြောက်၊ ခရမ်းချဉ်သီးမှုန့် အစရှိသည်များ ထုတ်လုပ်ပြီး တန်ဖိုး ပိုမိုရရှိစေကာ ကြာရှည်ခံစေရန် ပြုလုပ်နိုင်ပါသည်။

မူလရှိရင်းစွဲအာဟာရတန်ဖိုးထက် ပိုမိုသာလွန်သော အာဟာရဓာတ်များ ဖြည့်တင်းပေးခြင်းဖြင့်လည်း တန်ဖိုးမြှင့်ထုတ်ကုန်၏တန်ဖိုးကို မြင့်တက်စေပါသည်။

တန်ဖိုးမြှင့်ထုတ်ကုန်များသည် စားသုံးသူများကို ကျန်းမာရေးနှင့် ပိုမိုကိုက်ညီစေပြီး အာဟာရပြည့်ဝမှုနှင့် အဆင်ပြေသက်သာမှုရှိစေခြင်း၊ ကုန်ထုတ်လုပ်မှုစွမ်းရည်ကို မြှင့်တင်ပေးနိုင်ခြင်းနှင့် ခေတ်မီနည်းပညာကို အသုံးပြု၍ စားသုံးသူများနှင့် ထုတ်လုပ်သူများ၏ လိုအပ်ချက်များအတိုင်း ထုတ်လုပ်ပေးခြင်းတို့ကြောင့် တန်ဖိုးမြှင့်ထုတ်ကုန်များသည် အရေးပါသော အနေအထားတွင် တည်ရှိနေပါသည်။

တန်ဖိုးမြှင့်ထုတ်ကုန်များတွင် စားသောက်ကုန်များသာမက လူသုံးကုန်ပစ္စည်းများနှင့် စက်ရုံသုံးလောင်စာများအထိ ပါဝင်ပါသည်။ ကောက်ရိုး၊ စပါးခွံ နှင့် စွန့်ပစ်သစ်တိုသစ်စများမှ ဇီဝလောင်စာတောင့်များ ထုတ်လုပ်ခြင်းသည် တန်ဖိုးမြှင့်ထုတ်ကုန်တမျိုးအနေဖြင့် ရှိနေပါသည်။

ရာသီမရွေး၊ ဒေသမရွေး၊ အချိန်မရွေး စားသုံးနိုင်ရန် ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံများကို ခေတ်မီနည်းပညာ၊ စက်ယန္တရားများကို အသုံးပြု၍ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်ပေးထားပါသည်။ ဥပမာအနေဖြင့် သရက်သီးကုန်ကြမ်းကို အသုံးပြုထားသော သရက်သီးသနပ်၊ သရက်သီးဖျော်ရည်၊ သရက်သီးခြောက်၊ သရက်သီးမှုန့်နှင့် သရက်သီးဂျယ်လီ၊ သရက်သီးသကြားလုံးစသော တန်ဖိုးမြှင့်ထုတ်ကုန်များကို ဈေးကွက်တွင် တွေ့ရှိနိုင်ပါသည်။

တန်ဖိုးမြှင့်ထုတ်ကုန်များ၏ အရေးကြီးသောသော့ချက်မှာ ဆန်းသစ်တီထွင်မှုနှင့် ပူးပေါင်းလုပ်ဆောင်မှုတို့ ဖြစ်ပါသည်။ လက်ရှိမူလအနေအထားမှ ပို၍သာလွန်ကောင်းမွန်သော အခြေအနေရောက်ရှိအောင် တီထွင်ဖန်တီးနိုင်မှုသည် မရှိမဖြစ် လိုအပ်ပါသည်။ ဥပမာပေး ဖော်ပြရမည်ဆိုပါက ပြောင်းမှ အီသနော၊ ပဲပုပ်မှ ဇီဝဒီဇယ် နှင့် ကောက်ရိုးမှ မျက်နှာစာဘုတ် ထုတ်ကုန်ပစ္စည်းများသည် ဆန်းသစ်တီထွင်မှုမှ ရရှိလာသော တန်ဖိုးမြှင့်ထုတ်ကုန်များ ဖြစ်ပါသည်။

ဈေးကွက်လိုအပ်ချက်နှင့် ကုန်ပစ္စည်းအရင်းအမြစ်ကို ဟန်ချက်ညီစွာ ပူးပေါင်းလုပ်ဆောင်ပေးနိုင်ခြင်းသည်လည်း တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းတွင် အရေးပါပါသည်။ ကုန်ထုတ်လုပ်မှုစရိတ်၊ ကုန်ပစ္စည်းအရည်အသွေး၊ ကုန်ထုတ်လုပ်စွမ်းရည်၊ ကုန်ပစ္စည်းထုပ်ပိုးမှု စသည့်အချက်များကိုလည်း ထည့်သွင်းစဉ်းစားပေးရပါမည်။

ကမ္ဘာကြီး၏တိုးတက်ပြောင်းလဲလာသော လူဦးရေ ရာသီဥတု ပြုပြင်ပြောင်းလဲမှုနှင့် စားသုံးမှုပုံစံပြောင်းလဲလာမှုတို့သည် တန်ဖိုးမြှင့်ထုတ်ကုန်များ၏အရေးပါမှုကို ပို၍ခိုင်မာလာစေပါသည်။

အစာကြေဖျက်မှု ပိုမိုအားကောင်းစေခြင်း၊ ကိုယ်ခံအားစနစ်ကောင်းမွန်စေခြင်း၊ ဆန်းသစ်မှုများနှင့် အကျွမ်းတဝင် မိတ်ဆက်ပေးခြင်း၊ ကျန်းမာသန်စွမ်းမှုနှင့် စိတ်ပျော်ရွှင်မှုကို အချိုးညီစေခြင်း နှင့် ဟင်းသီးဟင်းရွက်စားသုံးမှု အစားထိုးပေးခြင်းတို့အတွက် အကောင်းဆုံးလုပ်ဆောင်နိုင်စေသော တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရောင်းချမှုသည် နိုင်ငံတိုင်း၏ အရေးပါသော ကဏ္ဍတွင် ရှိလာပါသည်။

ကျန်းမာရေးအထောက်အကူပြု သစ်သီးနှင့် ဟင်းသီးဟင်းရွက်များကို တာရှည်ခံစားသုံးနိုင်ရန်၊ ဝေးလံသော ဒေသသို့ ပို့ဆောင်ပေးနိုင်ရန် အခြောက်ပြုလုပ်ခြင်းသည်လည်း တန်ဖိုးမြှင့်ထုတ်ကုန်အမျိုးအစားထဲတွင် ပါဝင်ပါသည်။ အာဟာရပြည့်ကိုယ်အလေးချိန် ထိန်းသိမ်းရာတွင် စားသုံးနိုင်သော သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အစေ့၊ ပဲအမျိုးမျိုး အစရှိသည်တို့ကို အခြောက်ခံပေးပြီး ကြာရှည်ခံစေကာ အချိန်မရွေးစားသုံးနိုင်ပါသည်။

အချဉ်တည်ထားသော ဟင်းသီးဟင်းရွက်များကိုလည်း တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် စည်သွပ်ဗူးများတွင် ထည့်သွင်း ရောင်းချပေးနိုင်ပါသည်။ ကင်မ်ချီ၊ မုန်ညင်းချဉ်၊ သံပုရာချဉ်၊ ကြက်သွန်ဖြူဆားစိမ် အစရှိသည့် ထုတ်ကုန်များကို တနိုင်တပိုင်အိမ်တွင်းစီးပွားရေးမှသည် ထုတ်ကုန်ပစ္စည်းတစ်ခုအဖြစ် ထုတ်လုပ်နိုင်ပါသည်။ သစ်သီးယိုအမျိုးမျိုး၊ Puree၊ သစ်သီးဂျယ်ရီ နှင့် သစ်သီးခြောက်များကိုလည်း ပြည်တွင်းသာမက ပြည်ပဈေးကွက်အထိ ထုတ်လုပ်ရောင်းချပေးနိုင်ပါသည်။

အခြောက်ခံရာတွင် သဘာဝနေရောင်ခြည်ကို အသုံးပြုခြင်းထက် ခေတ်မီနည်းပညာ၊ စက်ယန္တရားများ ကျွမ်းကျင်ပညာရှင်များ၏ အကူအညီရယူပြီး အရည်အသွေးအကောင်းဆုံးနှင့် ကြာရှည်ခံမှု မြင့်မားသော ထုတ်ကုန်များကို ထုတ်လုပ်ရောင်းချနိုင်ပါသည်။ တန်ဖိုးမြှင့်ထုတ်ကုန်များ၏ အရေးပါမှုသည် ပို၍ကြီးမားလာမည်ဖြစ်ပါသည်။ တီထွင်ဆန်းသစ်မှု၊ ပူးပေါင်းလုပ်ဆောင်မှုတို့ နှင့် ဈေးကွက်ပြောင်းလဲမှုကို နားလည်သဘောပေါက်စွာဖြင့် မူလအရင်းအမြစ် ပေါကြွယ်ဝသော ထုတ်ကုန်များကို ဦးစားပေးထုတ်လုပ်သွားရန် လိုအပ်ပါသည်။

ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် ဝင်ငွေတိုးပွားလာစေရန် နှင့် ဈေးကွက်ချဲ့ထွင်နိုင်ရန် ရည်ရွယ်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်များကို ထုတ်လုပ်ရောင်းချလိုပါက ကျွန်ုပ်တို့၏ Super Seven Stars Industrial Development Co., Ltd မှ လိုအပ်သောကူညီထောက်ပံ့မှုများနှင့် နည်းပညာမြှင့် စက်ယန္တရားများဖြင့် အကောင်းမွန်ဆုံး ဝန်ဆောင်မှုပေးခြင်းတို့ကို ဆောင်ရွက်ပေးမည် ဖြစ်ပါသောကြောင့် Super Seven Stars Industrial Development ကုမ္ပဏီ၏ Hotline နံပါတ် 09-940844255 (သို့) e-mail address ဖြစ်သည့် info@sssindustrialdevelopment.com သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

Leave a comment