သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့် စိမ်းလန်းသောကမ္ဘာကြီးအတွက် အစားထိုး သစ်လောင်စာတောင့်၏ကဏ္ဍ

အစားထိုး သစ်လောင်စာတောင့်ဆိုတာဘာလဲ ? 

အစားထိုးသစ်လောင်စာတောင့်သည် ရှေးအကျဆုံးဇီဝလောင်စာအဖြစ် သတ်မှတ်နိုင်ပြီး နှစ်ထောင်ပေါင်းများစွာက အစပြုပြီး မီးအလင်းရောင်နှင့်နွေးထွေးမှုအတွက် အသုံးပြုခဲ့ကြသည် ဟု မှတ်သား ရပါသည်။ အစားထိုးသစ် လောင်စာတောင့်များသည် ၁၉၇၀ ခုနှစ် များတွင် လောင်စာဆီအကျပ်အတည်း ဖြစ်ပွားချိန်တွင် လိုအပ်ချက်ကြောင့် ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။ ၁၉၉၀ ပြည့်နှစ်များအရောက်တွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုအနေဖြင့် စွမ်းအင်အရင်းအမြစ်အစားထိုးအဖြစ် ဥရောပနိုင်ငံများတွင် ကျယ်ပြန့်စွာ အသုံးပြုလာကြပါသည်။

အစားထိုးသစ် လောင်စာတောင့်ကို အဓိကကုန်ကြမ်းအဖြစ် လွှစာမှုန့်၊ စပါးခွံ၊ ကောက်ရိုး၊ သစ်တိုသစ်စ များနှင့် သစ်တောထွက်ပစ္စည်း အကြွင်းအကျန်များကို အသုံးပြု၍ ထုတ်လုပ်ထားပါသည်။

ယနေ့ခေတ်တွင်လည်း အစားထိုးသစ် လောင်စာတောင့်သည် တကမ္ဘာလုံးတွင် အရေးပါသော စွမ်းအင်အရင်းအမြစ် အဖြစ်တည်ရှိလာနေပြီဖြစ်ပါသည်။ အစားထိုးသစ် လောင်စာတောင့်များကို သစ်ပင်အခေါက်၊ ကောက်ရိုး၊ ပဲခွံ၊ စပါးခွံ တို့မှ ထုတ်လုပ်နိုင်ပြီး သစ်တောထွက် သယံဇာတပစ္စည်းများ ထိန်းသိမ်းမှုကို အဓိကအထောက်အကူပြုနိုင်ရုံသာမက သစ်တောထွက်ပစ္စည်းများ အလေအလွင့် ဖြစ်မှုကိုပါ လျော့ချပေးနိုင်ပါသည်၊၊

အစားထိုးသစ် လောင်စာတောင့်များသည် သဘာဝ ရုပ်ကြွင်းလောင်စာများထက် စျေးနှုန်းသက်သာပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုကို နည်းပါးစေပါသည်။ ကမ္ဘာကြီး ပူနွေးလာမှုနှင့်အတူ လောင်စာဆီ စျေးနှုန်း မြင့်မားလာမှုကြောင့် သစ်လောင်စာတောင့် သုံးစွဲမှုများမှာ ပိုမို များပြားလာပါသည်။

အစားထိုးသစ်လောင်စာတောင့် သုံးစွဲခြင်းကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးများစွာရှိပါသည်။ ပထမဦးစွာ ပြန်လည်ဖြည့်တင်းခြင်းနှင့် ရေရှည်တည်တံ့သော စွမ်းအင် ရရှိစေခြင်း ဖြစ်ပါသည်၊၊ သစ်လောင်စာတောင့်များကို ပြန်လည်အသုံးပြုနိုင်သော သစ်သားအရင်းအမြစ်မှ ထုတ်လုပ် ပေးထားပြီး အဖိုးတန်သစ်တော များကို ကာကွယ်ထိန်းသိမ်းပေးနိုင်ရုံသာမက စည်းကမ်းမဲ့ သစ်ခုတ်ခြင်းကိုပါ ကန့်သတ်ပေးနိုင်ပါသည်။ အစားထိုးသစ်လောင်စာတောင့်များသည် မြင့်မားထိရောက် သော ကယ်လိုရီစွမ်းအင်ကို ထုတ်လုပ်ပေးနိုင်ပြီး လောင်ကျွမ်းဖြစ်စဥ်များအတွင်း ဘေးဉပါဒ် ဖြစ်စေသော ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျော့ချပေးပြီး စွမ်းအင်ထုတ်လုပ်မှု ကုန်ကျစရိတ်ကို သက်သာစေနိုင်ပါ သည်၊၊

အစားထိုး သစ်လောင်စာတောင့်များကို ကျစ်လစ်သောအတောင့်လေးများအဖြစ် ထုတ်လုပ်ထားခြင်းကြောင့် သယ်ယူရာတွင်လည်းကောင်း၊ သိမ်းဆည်း သိုလှောင်ထားရာတွင်လည်းကောင်း၊ ပုံစံမျိုးစုံ အသုံးပြုရာတွင်လည်းကောင်း သုံးစွဲနိုင်ရန် လွယ်ကူအဆင်ပြေစေခြင်း သည်လည်း အစားထိုး သစ်လောင်စာတောင့်များ၏ အားသာချက်တစ်ရပ် အနေဖြင့် တည်ရှိနေပါသည်၊၊
ဒုတိယအချက်အနေဖြင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှုကို လျော့နည်းစေပါသည်၊၊ အစားထိုး သစ်လောင်စာတောင့်များကိုအပူပေးလောင်ကျွမ်းစေသောအခါ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လုပ်မှုသည် သဘာဝရုပ်ကြွင်းလောင်စာများ လောင်ကျွမ်းချိန်ထက် လျော့နည်းစေပြီး ရာသီဥတုပြောင်းလဲမှုအပေါ် သက်ရောက်မှုကို သက်သာလျော့နည်းစေပါသည်၊၊

ထင်း၊ မီးသွေးစသည့် အခြားသောလောင်စာများထက် မီးပြင်းအားပိုများပြီး အချိန်ကြာမြင့်စွာ အသုံးပြုနိုင်ပါသည်။

ဆာလဖာဒိုင်အောက်ဆိုဒ်(Sulfur dioxide) နှင့် (Phosphorus pentoxide) မီးစုန်းဓာတ်များ မထုတ်လွှတ်သောကြောင့် လေထုညစ်ညမ်းမှုနှင့် ပတ်၀န်းကျင်ညစ်ညမ်းမှုများ မဖြစ်ပေါ်နိုင်ခြင်း၊ အပူပေးခြင်း သို့မဟုတ် ဓာတ်အားထုတ်လုပ်ခြင်းအတွက် အသုံးပြုသည့်အခါ ထိရောက်သောလောင်ကျွမ်းမှုနှင့် မြင့်မားသောအပူထိရောက်မှုတို့ကို ဖြစ်ပေါ်စေပြီး အချိန်တို အတွင်း စွမ်းအင်သုံးစွဲမှုကိုထိ‌ရောက်စွာအသုံးပြုနိုင်ကာ လောင်စာကုန်ကျစရိတ်ကို လျော့ကျစေခြင်း၊ မီးခိုမှိုင်းထွက်မှုလျော့နည်းခြင်း၊ ညှော်နံ့ထွက်မှုလျော့နည်းခြင်းစသော အားသာချက်များစွာလည်း ရှိပါသည်။

Moreover, ood pellets are cost-effective and reliably sourced, making them suitable for residential cooking and food preparation. They serve as a viable alternative to coal and fossil fuels in industrial applications, including power plants and various manufacturing facilities.

နောက်ဆုံးအနေဖြင့် အစားထိုး သစ်လောင်စာတောင့်များသည် စျေးနှုန်းတည်ငြိမ်မှုနှင့် စိတ်ချယုံကြည် ရသော အရင်းအမြစ်မှထုတ်လုပ်ထားသဖြင့် အစားသောက်များ ချက်ပြုတ်ရန် လူနေအိမ်များတွင် လည်းကောင်း၊ စက်မှုလုပ်ငန်းများတွင် ကျောက်မီးသွေး (သို့မဟုတ်) ရုပ်ကြွင်းလောင်စာများကို အစားထိုးရန်လည်ကောင်း၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ အခြားသောစက်ရုံအလုပ်ရုံများ အတွက် လည်းကောင်း တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ပါသည်၊၊ ထိုသို့ လုပ်ဆောင်မှုများထဲတွင် စက်ရုံအလုပ်ရုံများမှ ထွက်ရှိသော စွန့်ပစ်ပစ္စည်းများ၊ လွှစာမှုန့်၊ စပါးခွံ၊ ကောက်ရိုးစသည့်ပစ္စည်းများဖြင့် ပြုလုပ်ထားသော စွမ်းအင် အစားထိုးလောင်စာတောင့်ဖြစ်သော သစ်လောင်စာတောင့် များထုတ်လုပ်မှုသည် အရေးပါဆုံး အခန်းကဏ္ဍတစ်ခုဖြစ်ပါသည်။

အစားထိုး သစ်လောင်စာတောင့်၏ သက်တမ်းသည် ထိန်းသိမ်းသိုလှောင်ထားသော ပတ်ဝန်းကျင်၏ စိုစွတ်မှုနှင့် တိုက်ရိုက်ဆက်စပ်နေပါသည်။ သစ်လောင်စာတောင့်တွင် ပါဝင်သော ရေဓာတ် ပါဝင်မှုသည် သက်တမ်းအနေအထားတစ်ခုသို့ ရောက်ရှိပါက အသုံးပြုရန် မစွမ်းဆောင်နိုင်တော့ပါ။ ပတ်ဝန်းကျင်စိုစွတ်မှု ၁၀ ရာခိုင်နှုန်းအောက်တွင် တည်ရှိပါက အသုံးပြုရန် (၆) လ သက်တမ်းရှိပြီး ပတ်ဝန်းကျင်စိုစွတ်မှု ၁၀ ရာခိုင်နှုန်းအထက်ရှိပါက အသုံးပြုရန် (၁) လ မှ (၃) လ သက်တမ်း ရှိပါသည်။

အစားထိုး သစ်လောင်စာတောင့်များကို နေရာ‌ဒေသတော်တော်များများတွင် ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်နိုင်ပြီး စဥ်ဆက်မပြတ်စိတ်ချယုံကြည်ရသော ထုတ်လုပ်မှုဖြင့် ပံ့ပိုးကူညီပေးနိုင်ပါသည်၊၊ အစားထိုး သစ်လောင်စာတောင့်များသည် ရေရှည်တည်တံ့သောစွမ်းအင်အဖြစ် အနာဂတ်ကာလ တိုးတက်မှုအတွက် လိုအပ်သော စွမ်းအင်ကို ဖြည့်စွမ်းပေးနိုင်ရန် ဆက်လက်တည်ရှိနေမည် ဖြစ်ပါသည်၊၊

အစားထိုးသစ်လောင်စာတောင့်ထုတ်လုပ်မှုနည်းပညာကို ပိုမိုကောင်းမွန်လာစေရန် မျော်မှန်းထားပြီး ထုတ်လုပ်သုံးစွဲမှုမြှင့်တင်ရန်နှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု လျော့နည်းစေရန် အရေးပါသော ကဏ္ဍမှ ရပ်တည်ဆောင်ရွက်သွားရန် လုပ်ဆောင်သွားပါမည်၊၊ ရုပ်ကြွင်းစွမ်းအင် သုံးစွဲမှုမှသည် ပြည့်ဖြိုးမြဲစွမ်းအင်သို့ အသွင်ကူးပြောင်းမှုကို မြှင့်တင်ကာ ကမ္ဘာမြေကြီး၏ ပိုမိုစိမ်းလန်းသော အနာဂတ်ကိုတည်ဆောက်ရာတွင် အထောက်အကူအဖြစ် သစ်လောင်စာတောင့်သည် တည်ရှိပေးနေတော့မည်ဖြစ်ပါသည်၊၊

ကျွန်ုပ်တို့ Super Seven Stars Industrial Development သည်လည်း စွမ်းအင်အစားထိုးသစ်လောင်စာတောင့် ထုတ်လုပ်မှု ဦးစားပေးလုပ်ဆောင်မှုများကို အရှိန်အဟုန်မြှင့် ကြိုးပမ်းလျက်ရှိပါသည်။ လူကြီးမင်းတို့၏ စွမ်းအင်အစားထိုးသစ်လောင်စာ နှင့်ပတ်သက်သော လောင်စာထောင့် ထုတ်ကုန်လုပ်ငန်းများကို ကိုယ်တိုင် စတင် စီမံလုပ်ကိုင်ရန် (သို့) လည်ပတ်လျက်ရှိသော လုပ်ငန်းကို အဆင့်မြှင့်တင်ရန် စိတ်ပါဝင်စားသော လုပ်ငန်းရှင်များ အတွက် လိုအပ်သောအကူညီထောက်ပံ့မှုများနှင့် နည်းပညာမြင့် စက်ယန္တရားများဖြင့် အကောင်းမွန်ဆုံး ဝန်ဆောင်မှုများပေးခြင်းတို့ကို ဆောင်ရွက်ပေးမည် ဖြစ်သောကြောင့် Super Seven Stars Industrial Development ကုမ္ပဏီ၏ Hotline နံပါတ် 09-940844255 (သို့) e-mail address ဖြစ်သည့် info@sssindustrialdevelopment.com သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။

Leave a comment