အာဟာရပြည့်ဝစေသော နို့မှုန့်ထုတ်လုပ်မှု လုပ်ငန်းစဉ်

နို့မှုန့်ထုတ်လုပ်နည်းကို လေ့လာကြည့်မည်ဆိုပါက Spray Drying (အခြောက်ခံထုတ်လုပ်ခြင်း)၊ Drum Drying (Drum အခြောက်ခံခြင်း)၊ Freeze Drying (အေးခဲအခြောက်ခံခြင်း) ဟူ၍ တွေ့ရှိနိုင်ပါတယ်။

အခြောက်ခံထုတ်လုပ်ခြင်း ဆိုသည်မှာ နို့ကို အမှုန့်ပုံစံအဖြစ်သို့ လျင်မြန်စွာ အခြောက်ခံသည့် လုပ်ငန်းစဉ် ဖြစ်ပါတယ်။ နို့တွင် ပါဝင်နိုင်သော ဘက်တီးရီးယားပိုးမွှားများကို သေစေရန်အတွက် ဦးစွာ နို့ခြောက်ဖြစ်စေရန် ဖြန်းထုတ်ပေးပါတယ်။ ၄င်းနောက် ရေနွေးငွေ့ဖြင့် ပေါင်းခံစေပြီး အငွေ့ကို စုစည်းကာ အမှုန်ကို ခွဲထုတ်ပြီးနောက် ပါဝင်သော ရေပမာဏကို ၅၀ ရာခိုင်နှုန်း လျော့ချပေး၍ ရရှိလာသော နို့ခြောက်များကို လေပူနှင့် ထိတွေ့စေခြင်းဖြစ်ပါတယ်။ နောက်ဆုံးတွင် နို့အမှုန်အမွှားများ လျင်မြန်စွာ ရေငွေ့ပျံပြီး နို့မှုန့်ခြောက်များကို ရရှိစေပါတယ်။ Drum အခြောက်ခံခြင်း လုပ်ငန်းစဉ်သည် တခြားသော အခြောက်ခံခြင်း လုပ်ငန်းစဉ်များထက် ၅-အားသာချက်များစွာ ပိုမိုရှိပါတယ်။ ထုတ်လုပ်မှုနည်းလမ်းမှာ အပူပေးထားသော Drum ပေါ်တွင် နို့ကို ဖြတ်သန်းစေပြီး အမှုန့်အခဲများ ထုတ်ယူကာ အမှုန့်အဖြစ် ထုတ်လုပ်ပေးခြင်း ဖြစ်ပါတယ်။ ထုတ်လုပ်ရာတွင် နို့မှုန့်အရသာ ခါးသက်စေနိုင်မှူ ရှိသောကြောင့် အသုံးပြုမှု အနည်းဆုံး လုပ်ငန်းစဉ်လည်း ဖြစ်ကြောင်း သိရှိရပါတယ်။ နောက်တနည်းဖြစ်သော Freeze Drying အေးခဲအခြောက်ခံခြင်း လုပ်ငန်းစဉ်သည် အချိန်ကြာမြင့်စေပြီး လုပ်ဆောင်မှု ရှုပ်ထွေးခက်ခဲပြီး ဈေးအကြီးဆုံး ဖြစ်ပါတယ်။ နို့ကို -၅၀°C မှ-၈၀°C ထိ ဖြည်းညင်းစွာ အေးခဲစေပြီး အခြောက်ခံခြင်း လုပ်ငန်းစဉ်ဖြစ်ပါတယ်။ အရည်အသွေး ကောင်းမွန်သော နို့မှုန့် ရရှိစေရန် ထုထည်ကြီးမားသော ရေခဲတုံးကို အသုံးပြု၍ ခြောက်သွေ့မှု အချိန်ကြာမြင့်စေခြင်းကြောင့် ကုန်ကျစရိတ် များပြားစေပါတယ်။

ယနေ့ တိုးတက်ပြောင်းလဲလာသော နည်းပညာနှင့်အတူ ခေတ်မီစက်ယန္တရားများဖြင့် နို့မှုန့်ကို ပိုမိုကောင်းမွန်သော အရည်အသွေး ကြာရှည်ခံသော သက်တမ်းဖြင့် ထုတ်လုပ်ထားပါတယ်။ နို့တွင် ပါဝင်သော ရေဓာတ်ကို အငွေ့ပျံစေပြီး အခြောက်ခံစေကာ အမှုန့်အဖြစ် ထုတ်လုပ်ပေးထားပါတယ်။ ထုတ်လုပ်မှုလုပ်ငန်းစဉ်ကို လေ့လာကြည့်မည်ဆိုပါက ပထမအဆင့်အနေဖြင့် နို့ထွက်မွေးမြူရေးခြံမှ နို့များကို စုဆောင်းသိမ်းဆည်‌ပေးရပါတယ်။ သိမ်းဆည်းထားသော နို့စိမ်းများကို အဆီပါဝင်မှု၊ ဘက်တီးရီးယားပါဝင်မှုနှင့် သန့်ရှင်းမှုအနေအထားကို ကနဦး အရည်အသွေး စစ်ဆေးမှုများ ပြုလုပ်ပေးရန် လိုအပ်ပါတယ်။ ဒုတိယအဆင့်တွင် နို့တွင်ပါဝင်သော အညစ်အကြေးများ နို့တွင် ပါဝင်သော နို့ဂျေးများကို ပဏာမ သန့်စင်အောင် ပြုလုပ်ပေးရပါတယ်။ သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့် ကိုက်ညီစေရန်အတွက် အဆီပါဝင်မှုကို ညှိပေးရန် လိုအပ်ပါတယ်။

နို့ကို ပုံမှန်အားဖြင့် ၇၂°C ဝန်းကျင်တွင် ၁၅ စက္ကန့် မှ ၂၀ စက္ကန့် အကြာထိ သတ်သတ်မှတ်မှတ် အပူချိန်တစ်ခုဖြင့် အပူပေးပြီး အန္တရာယ်ရှိသော ဘက်တီးရီးယားများကို သေစေပါတယ်။ ၄င်းနောက် ကျန်ရှိနိုင်သော ဘက်တီးရီးယားများ တိုးပွားမှု မရှိစေရန် လျင်မြန်စွာ အအေးခံပေးခြင်းကို လုပ်ဆောင်ရန် လိုအပ်ပါတယ်။ အငွေ့ပျံခြင်းကို လုပ်ဆောင်ရန်အတွက် ရေငွေ့ပျံလေဟာနယ်ကို အသုံးပြုပြီး နို့မှ လိုအပ်သော ရေပမာဏကို အငွေ့ပျံခြင်း လုပ်ငန်းစဉ်ဖြင့် ထုတ်ပစ်ရန် လိုအပ်ပါတယ်။ ဤအဆင့်တွင် နို့၏ထုထည်ကို လျော့ချပေးပြီး အစိုင်အခဲဖြစ်တည်မှုကို ရရှိစေပါတယ်။ Homogenization လုပ်ငန်းစဉ် အသုံးပြုပြီး ရရှိလာသော နို့အစိုင်အခဲများ၏ အဆီမော်လီကျူးများကို ခွဲထုတ်ပေးပြီး ခရမ်အဖြစ်သို့ ရောက်ရှိစေခြင်းကို တားဆီးပေးနိုင်ပါတယ်။

နောက်တစ်ဆင့်အနေဖြင့် Spray Drying ဖြင့် အစိုင်အခဲ ဖြစ်နေသော နို့ခဲကို အခြောက်ခံခန်းထဲသို့ Spray Nozzle ဖြင့် ဖြန်းပြီး သေးငယ်သော နို့မှုန့်လေးများ ထုတ်လုပ်ပေးနိုင်ပါတယ်။ အပူချိန် ၁၅၀ ဒီဂရီ မှ ၂၀၀ ဒီဂရီ စင်တီဂရိတ် ရှိသော အခြောက်ခံခန်းထဲတွင် နို့အမှုန့် လေးများကို အခြောက်ခံပြီး လျင်မြန်စွာ အငွေ့ပျံစေပြီး ချောမွေ့သော နို့မှုန့်အမှုန့်လေးများကို ရရှိစေပါတယ်။

အအေးခံ Cyclone Separator ကို အသုံးပြုပြီး ရရှိလာသော နို့မှုန့်ခြောက်များမှ လေကို ထုတ်ယူရပါတယ်။ အေးခဲခြင်းနှင့် ပေါ့ပါးခြောက်သွေ့နေစေရန်အတွက် အအေးခံခြင်းကို ဆက်လက်လုပ်ဆောင်ပေးရပါမည် ဖြစ်ပါတယ်။ အရွယ်အစား တူညီသော နို့မှုန့်များ ရရှိစေရန် ဆန်ကာတိုက်ပြီး အရွယ်အစားကြီးမားနေသော နို့မှုန့်များကို ဖယ်ရှားပေးရန် လိုအပ်ပါတယ်။ အရည်အသွေး ထိန်းချုပ်ပေးရန် ရေဓာတ်ပါဝင်မှု၊ အဆီပါဝင်မှု၊ ပရိုတင်းပမာဏနှင့် အဏုဇီဝ တို့ကို တိုင်းတာပေးရပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများဖြစ်သော ‌ပျော်ဝင်နိုင်မှု၊ အရောင်၊ အရသာ၊ နှင့် သိပ်သည်းဆတို့ကိုပါ တိုင်းတာပေးရပါမည် ဖြစ်ပါတယ်။

နောက်ဆုံးအဆင့်အနေဖြင့် ရေဓာတ်ထိန်းသိမ်းမှု အာမခံချက်ပေးပြီး လေလုံသောဗူးများတွင် အရည်အသွေးထိန်းသိမ်းထားရန် သိုလှောင်ထုပ်ပိုးထားရပါမည်။ အာဟာရပါဝင်မှုအချက်အလက်၊ ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက်တို့ နှင့် အတူ တံဆိပ်ကပ်ခြင်းကို လုပ်ဆောင်ပေးရန်လည်း လိုပါတယ်။ ကောင်းမွန်စွာ ထုပ်ပိုးထားသော နို့မှုန့်များကို နေရောင်ခြည်တိုက်ရိုက် မထိတွေ့နိုင်သော အေး၍ ခြောက်သွေ့သော နေရာတွင် သိမ်းဆည်းထားရန် လိုအပ်ပါတယ်။ ထုပ်ပိုးပြီး နို့မှုန့်များကို လက်လီရောင်းချလိုသူများနှင့် စားသုံးသူများထံသို့ ပို့ဆောင်ဖြန့်ဖြူးပေးပါတယ်။

လူသားတွေရဲ့ နေ့စဉ်ဘဝရဲ့ သောက်သုံးမှုတွေတိုင်းမှာ မရှိမဖြစ်ပါဝင်နေသော အာဟာရပြည့်ဝစေသော နို့မှုန့်ကို ထုတ်ပိုးမှုပုံစံအမျိုးမျိုးတို့ဖြင့် ရောင်းချရန် စိတ်ပါဝင်စားသော လုပ်ငန်းရှင်များအတွက် ကျွန်ုပ်တို့ Super Seven Stars Industrial Development Co., Ltd မှ လိုအပ်သောကူညီထောက်ပံ့မှုများနှင့် နည်းပညာမြှင့် စက်ယန္တရားများဖြင့် အကောင်းမွန်ဆုံး ဝန်ဆောင်မှုပေးခြင်းတို့ကို ဆောင်ရွက်ပေးမည် ဖြစ်ပါသောကြောင့် Super Seven Stars Industrial Development ကုမ္ပဏီ၏ Hotline နံပါတ် 09-940844255 (သို့) e-mail address ဖြစ်သည့် info@sssindustrialdevelopment.com သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

Leave a comment