အိမ်မွေးတိရစ္ဆာန်အစာဈေးကွက် နှင့် အနာဂတ်အခန်းကဏ္ဍ

ကမ္ဘာကြီး၏ လူနေမှုပုံစံ၊ ယုံကြည်မှု၊ ဘဝနေထိုင်ပုံ ပြောင်းလဲလာမှုနှင့်အတူ အိမ်မွေးတိရစ္ဆာန်အစာ၏ အရေးပါမှုသည်လည်း ကြီးမားလာပါသည်။ လူသားတို့၏ လူသားဆန်မှုမှသည် မိသားစုအသွင် စောင့်ရှောက်ကျွေးမွေးမှုပုံစံ ပြောင်းလဲလာမှုသည် အိမ်မွေးတိရစ္ဆာန်အစာဈေးကွက်ကို ကြီးထွားလာစေပါသည်။ တိရစ္ဆာန်ချစ်သူများ၏ရည်ရွယ်ချက်မှာ ၄င်းတို့ မွေးမြူထားသော အိမ်မွေးတိရစ္ဆာန်များ၏ ကျန်းမာရေးနှင့် ရှင်သန်ကြီးထွားရေးကို အာမခံချက်ပေးနိုင်ပြီး အကောင်းဆုံးအစားအစာများ ပံ့ပိုးပေးရန် ဖြစ်ပါသည်။

အရည်အသွေးကောင်းမွန်ပြီး စိတ်ချယုံကြည်ရသော အိမ်မွေးတိရစ္ဆာန်အစာများသည် မိမိတို့ ချစ်ခင်ရသော အိမ်မွေးတိရစ္ဆာန်မိသားစုဝင်များကို ကျန်းမာပျော်ရွှင်စေပြီး လှုပ်ရှားသွားလာရန် ခွန်အားများကိုပါ ပေးစွမ်းပါသည်။ အိမ်မွေးတိရစ္ဆာန်များ စားသုံးရန် ရည်ရွယ်ပြီး ထုတ်လုပ်ထားက လူသားအဆင့်အဖြစ် မမှတ်ယူထားသော်လည်း လူအစာလုပ်ငန်း၏ ထုတ်ကုန်တစ်ခုအဖြစ် သတ်မှတ်ထားရှိပါသည်။ အိမ်မွေးတိရစ္ဆာန်အစားအစာကို တိရစ္ဆာန်အစာ၏ အထူးထုတ်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားပါသည်။ ဈေးကြီးပြီး အရည်အသွေး ကောင်းမွန်သော တိရစ္ဆာန်အစားအစာများအား ရွေးချယ်မှုများသည် ဈေးကွက်တွင် တဟုန်ထိုး ပေါ်ထွန်းလာခဲ့ပါသည်။

မိမိတို့၏ အိမ်မွေးတိရစ္ဆာန်များအတွက် ကျန်းမာရေးကို စိတ်ပူပန်မှုများသည်လည်း ဖြစ်ပေါ်လာပြီး သကြား၊ အစေ့အဆံ၊ အရောင်များနှင့် သဘာဝမဟုတ် ပြုပြင်ဖန်တီးထားသော ဖြည့်စွက်ပစ္စည်းများ မပါဝင်သော ကျန်းမာရေးအတွက် စိတ်ချရသော အိမ်မွေးတိရစ္ဆာန်အစာများ ဈေးကွက်တွင် ထုတ်လုပ်ရောင်းချလာပါသည်။ တိရစ္ဆာန်ချစ်သူများသည် အိမ်မွေးတိရစ္ဆာန်အစာကို ဦးစားပေး ရွေးချယ်ကျွေးမွေးကြရာတွင် စဉ်းစားထားသောအချက်များစွာ ရှိနေကြောင်း တွေ့ရပါသည်။ အိမ်မွေးတိရစ္ဆာန်ချစ်သူများသည် မိမိတို့၏ အိမ်မွေးတိရစ္ဆာန်များအတွက် အကောင်းဆုံးအစာနှင့် ဘေးအန္တရာယ်မရှိစွာ လုပ်ဆောင်ပေးရန် အကောင်းဆုံး နားလည်သဘောပေါက်ကြပါသည်။

သက်သေပြချက်များမှ အမှန်တကယ်ဖော်ပြမှု မရှိသော်လည်း အစေ့အဆံပါဝင်မှုမရှိသော အိမ်မွေးတိရစ္ဆာန်အစာများကို အများဆုံး ထုတ်လုပ်ရောင်းချလာကြပါသည်။ မိမိတို့၏ အိမ်မွေးတိရစ္ဆာန်များ စားသုံးရန် ကုန်အမှတ်တံဆိပ်သည် စိတ်ချယုံကြည်ရကြောင်းကို Clean Label ဖြစ်နေရန်နှင့် အိမ်မွေးတိရစ္ဆာန်အစာသည် နှစ်ပေါင်းများစွာကပင် ဆက်စပ်လျက် ရှိနေပါသည်။ မိမိတို့၏ အိမ်မွေးတိရစ္ဆာန်များကို ကိုယ်အလေးချိန်ထိန်းသိမ်းပေးပြီး အဝလွန်ခြင်း မဖြစ်ပေါ်စေရန်ကျွေးမွေးသော အိမ်မွေးတိရိစ္ဆာန်အစာကိုလည်း ဂရုပြု ရွေးချယ်ကြပါသည်။

ဇီဝဗေဒအရ သင့်လျော်သော အရိုးများနှင့် အစာကြမ်းတွင် မြင့်မားသော ပရိုတင်းဓာတ်နှင့် လတ်ဆတ်သောသစ်သီးနှင့် ဟင်းသီးဟင်းရွက်များ ပါဝင်ပါသည်။ အာဟာရဖြည့်စွက်မှုသည် သဘာဝလိုအပ်ချက်များနှင့် ပိုမိုနီးစပ်ရန်လည်း အရေးပါပါသည်။

အိမ်မွေးတိရစ္ဆာန်အစားအစာဈေးကွက်ကြီး၏ အဓိကထုတ်ကုန်ပစ္စည်းများမှာ ခွေးစာနှင့် ကြောင်စာ ဖြစ်ပါသည်။ အိမ်မွေးတိရစ္ဆာန်အစာအနေဖြင့် တွေ့ရှိရသော တခြားအစာအမျိုးအစားများမှာ ယုန်စာ၊ ငှက်စာ၊ မြင်းစာ၊ ငါးစာ၊ နှင့် အထူးသီးသန့်ထုတ်လုပ်ပေးထားသော အိမ်မွေးတိရစ္ဆာန်အစာများ ဖြစ်ကြပါသည်။

အိမ်မွေးတိရစ္ဆာန်အစာမှ အဓိကဖြစ်သော ခွေးစာကို ဖော်ပြပါ အချက်အလက်ပေါ်မူတည်ပြီး ဈေးကွက်တွင် ထုတ်လုပ်ရောင်းချပေးနေပါသည်။ အစားအစာအမျိုးအစား၊ ခွေးအမျိုးအစား၊ ခန္ဓာကိုယ်အစိတ်အပိုင်း လိုအပ်ချက်၊ အသက်အပိုင်းအခြား နှင့် အရွယ်အစားပေါ်မူတည်ပြီး ထုတ်လုပ်ရောင်းချပေးနေပါသည်။ ခွေးစာအခြောက်အနေဖြင့်လည်း ထုတ်လုပ်ပေးထားပြီး ခွေးပေါက်ငယ်နှင့် ခွေးကြီး အရွယ်ပေါ် မူတည်ပြီး လိုအပ်ချက်နှင့်အညီ ဈေးကွက်တွင် အမျိုးအစားများစွာ ထုတ်လုပ်ပေးထားပါသည်။ ခွေးစာအစိုအနေဖြင့် လည်းကောင်း၊ အထူးခွေးစာအနေဖြင့်လည်းကောင်း ထုတ်လုပ်ပေးထားပါသည်။

အိမ်မွေး တိရစ္ဆာန်ဈေးကွက်၏ ဒုတိယအကြီးဆုံးတစ်ခုမှာ ကြောင်စာ ဖြစ်ပါသည်။ တိုက်ခန်းများဖြင့် နေထိုင်သူများပြားလာခြင်း၊ ဓာတ်ပုံစားခြင်း၊ ပြုစုစောင့်ရှောက်ခ သက်သာခြင်းနှင့် လွတ်လွတ်လပ်လပ် ကြီးထွားရှင်သန်စေခြင်းတို့ကြောင့် ကြောင်မွေးမြူခြင်းသည် ကမ္ဘာတလွှား ခေတ်စားလာပါသည်။ ကြောင်စာအမျိုးအစားများကို အစားအစာပုံစံ၊ ကြောင်အမျိုးအစား၊ လိုအပ်ချက်၊ အသက်အရွယ်နှင့် မွေးမြူသည့် အနေအထားပေါ် မူတည်ပြီး ထုတ်လုပ်ပေးထားပါသည်။

မိမိတို့၏ အိမ်မွေးတိရိစ္ဆာန်များအတွက် ကောင်းမွန်သောအာဟာရသည် အရေးပါကြောင်းကို အိမ်မွေးတိရစ္ဆာန်ချစ်သူများသည် နားလည်သဘောပေါက်ကြပါသည်။ ကောင်းမွန်သော အရည်အသွေးရှိပြီး အာဟာရပြည့်ဝသော အိမ်မွေးတိရစ္ဆာန်အစာများသည် မိမိတို့၏ အိမ်မွေးတိရစ္ဆာန်များကို ကျန်းမာပျော်ရွှင်စွာ သက်တမ်းစေ့နေထိုင်စေပြီး အမွှေးများတောက်ပြောင်လှပစေရုံသာမက ကိုယ်ခံအားစနစ် ကောင်းမွန်စေပြီး ၄င်းတို့၏ ခန္ဓာကိုယ်ကျန်းမာရေးကို တိုးတက်စေရန် များစွာ အထောက်အပံ့ ကူညီပေးပါသည်။

အာဟာရပြည့်ဝပြီး ယုံကြည်စိတ်ချမှု ပေးနိုင်သော အိမ်မွေးတိရစ္ဆာန်အစာများကို မိမိတို့ လိုအပ်ချက်နှင့်အညီ သေချာစွာ ရွေးချယ်ကျွေးမွေးပေးရန်လည်း လိုအပ်ပါသည်။ မိမိတို့၏ အိမ်မွေးတိရစ္ဆာန်များ အာဟာရပြည့်ဝစွာ ကျန်းမာရှင်သန်နေထိုင်နိုင်ရန် လူသားတို့နည်းတူ ရေဓာတ်ပြည့်ဝစွာ ရရှိရန်လည်း လိုအပ်ပါသည်။

အိမ်မွေးတိရိစ္ဆာန်အစားအစာကို (၃) မျိုး တွေ့ရှိနိုင်ပြီး အစာခြောက်တွင် ရေဓာတ်ပါဝင်မှုသည် ၁၀ ရာခိုင်နှုန်း မှ ၁၂ ရာခိုင်နှုန်းသာ ရှိသောကြောင့် ရေသောက်နည်းသော အိမ်မွေးတိရစ္ဆာန်များအတွက် ရေဓာတ်ပါဝင်မှု ၇၅ မှ ၇၈ ရာခိုင်နှုန်း ပါဝင်သော အစာစိုကို ရွေးချယ်ကျွေးမွေးနိုင်ပါသည်။ အိမ်မွေးတိရစ္ဆာန်အစာစိမ်းကို ရေခဲသေတ္တာထဲတွင် သေချာစွာ ထိန်းသိမ်းပြီး ကျွေးမွေးနိုင်ပါသည်။

အိမ်မွေးတိရစ္ဆာန်များကို အဝလွန်ရောဂါ မဖြစ်ပွားစေရန်လည်း လိုအပ်ပါသည်။ ၄င်းတို့ စားသုံးလိုက်သော အစားအစာမှ ခန္ဓာကိုယ်အတွက် လိုအပ်သော အာဟာရနှင့် သွားလာလှုပ်ရှားရန်အတွက် စွမ်းအင်ကို ပေးစွမ်းပေးရန် လိုအပ်ပါသည်။

အိမ်မွေးတိရစ္ဆာန်အစာ ထုတ်လုပ်ရောင်းချလိုသူများသည် လိုက်နာဆောင်ရွက်ရန် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအတိုင်း စိတ်ချလုံခြုံမှုရှိရန်နှင့် ဘေးကင်းစေရန် ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။ မိမိတို့ ကုန်ကြမ်း ဝယ်ယူသော လုပ်ငန်းရှင်များမှလည်း စိတ်ချလုံခြုံမှုအာမခံချက်ရရှိပြီးဖြစ်ကြောင်း သက်သေပြနိုင်ရမည်လည်း ဖြစ်ပါသည်။

မိမိတို့၏ အိမ်မွေးတိရစ္ဆာန်များ စားသုံးရန် ရည်ရွယ်ထုတ်လုပ်ထားသော အိမ်မွေးတိရစ္ဆာန်အစာကို စတိုးဆိုင်ကြီးများ၊ စူပါမားကတ်များနှင့် အိမ်မွေးတိရစ္ဆာန်သီးသန့်အ‌ရောင်းဆိုင်ကြီးများတွင် ရောင်းချပေးလျက်ရှိပါသည်။

တိကျသေချာသော အမျိုးအစား၊ ကြိုက်နှစ်သက်စေသော အရသာနှင့်အတူ စားသုံးရန် စိတ်ချယုံကြည်မှုအပြည့်အဝ ပေးနိုင်သော အိမ်မွေးတိရစ္ဆာန်အစာကို ထုတ်လုပ်ရောင်းချလိုသူ စီးပွားရေး လုပ်ငန်းရှင်များကို ခေတ်မီနည်းပညာနှင့် စက်ယန္တရားများ ပံ့ပိုးကူညီပေးနိုင်ရန်အတွက် Super Seven Stars Industrial Development ကုမ္ပဏီ၏ Hotline နံပါတ် 09-940844255 (သို့) e-mail address ဖြစ်သည့် info@sssindustrialdevelopment.com သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

 

Leave a comment