လူသားတိုင်း၏ တစ်နေ့တာ စားသုံးမှုတွင် မရှိမဖြစ်ပါဝင်နေသော Sauces (ဆော့စ်)၊ Paste နှင့် Jam(သစ်သီးယို) များထုတ်လုပ်မှုအကြောင်း

Sauces (ဆော့စ်) ထုတ်လုပ်ခြင်း - ဟင်းခတ်အမွှေးအကြိုင်များ၊ ဆေးဖက်ဝင်အပင်များနှင့် အမျိုးမျိုးသော ပါဝင်ပစ္စည်းများကို တစ်ပြေးညီ ရောနှောကာ ခေတ်မီစက်များကိုအသုံးပြု၍ ချက်ပြုတ်ခြင်းနှင့် ရေငွေ့ပျံခြင်း စသော ထိန်းချုပ်ခြင်းလုပ်ငန်းစဉ်များကိုဆောင်ရွက်ခြင်း၊ ထို့နောက်ပါဝင်ပစ္စည်းများအား သေချာရောစပ်စေရန် Mixer အသုံးပြုခြင်း၊အပူနှင့်အအေးထိန်းစနစ်ကိုသုံးကာ ချက်ပြုတ်ခြင်းနှင့်အအေးခံခြင်း၊အရသာများကို ထိန်းသိမ်းထားရန် ပါဝင်ပစ္စည်းများကို တိကျစွာ အလိုအလျောက်စနစ်ဖြင့်ရောနှောခြင်းတို့ဖြစ်ပါသည်။

Paste (သစ်သီးအနှစ်) ထုတ်လုပ်ခြင်း - သစ်သီး ကြိတ်ခွဲခြင်း၊ လိုချင်သော အနှစ်ပုံစံရရှိရန်အတွက် စက်များဖြင့်ဖိအား‌‌ပေးကြိတ်ခြေခြင်း၊ အသီးအနှံ၏ သဘာဝအရောင်နှင့် အရသာကို ထိန်းသိမ်းရန် အပူပေး၍ အပူချိန်ကို တိကျစွာ ထိန်းချုပ်ခြင်း၊ ဓာတ်တိုးခြင်းကို ကာကွယ်ရန် အသီးအနှံ၏ အရောင်နှင့် အာဟာရဓာတ်များကို ထိန်းသိမ်းရန် Vacuum Cooking system ကို အသုံးပြု၍ ချက်ပြုတ်ခြင်း၊အသီးအနှံအစေ့များနှင့် အစေ့များ၏ အစိုင်အခဲ အစိတ်အပိုင်းများကို အရည် (ဖျော်ရည်) မှ ထိရောက်စွာ ပိုင်းခြားပြီး သစ်သီးအနှစ်များ ထုတ်ယူခြင်းတို့ဖြစ်ပါသည်။

Jam(သစ်သီးယို) ထုတ်လုပ်ခြင်း - ယိုထုတ်လုပ်မှုလုပ်ငန်းစဉ်တွင် သစ်သီးများကို ရွေးချယ်၍ ဆေးကြောခြင်း၊ ကြိတ်ချေခြင်း၊ ယိုအဖြစ်သို့ရရှိစေရန် ချက်ပြုတ်ချိန်နှင့် အပူချိန်များကိုအလိုအလျောက်ထိန်းချုပ်သော စနစ်အသုံးပြုခြင်း၊ အသီးအနှံများတွင် ပျော်ဝင်နိုင်သော အမျှင်ဓာတ် (polysaccharide) ဟုခေါ်သော Pectin နှင့် အခြား Gelling Agents ဟုခေါ်သောဂျယ်လီကဲ့သို့ ဖြစ်စေရန် ဖော်စပ်ထားသော ပစ္စည်းများကို တိကျစွာထည့်နိုင်သော စနစ်အသုံးပြု၍ သကြားကို ထုတ်ကုန်တစ်ခုလုံးတွင် အညီအမျှ ပျော်ဝင် ပြန့်နှံ့စေသည့် စနစ်အပြင် အရသာနှင့် အရောင်အသွေးရရှိရန် ချက်ပြုတ်ချိန်များကို ထိန်းချုပ်သည့်စနစ်အသုံးပြုခြင်းတို့ပါ၀င်သည်။

ဥပမာအနေဖြင့် ခရမ်းချဉ်သီးမှ ခရမ်းချဉ်သီးဆော့စ်အဖြစ် ပြုလုပ်ခြင်းလုပ်ငန်းစဉ်တွင် Harvesting(ခူးဆွတ်ခြင်း), Sorting and Washing(အမျိုးအစားခွဲခြင်းနှင့် ဆေးကြောခြင်း), Blanching(ရေပူ၊ရေအေးတွင်ပြုတ်ခြင်း), Peeling (အခွံခွာခြင်း), Crushing(ဖိချေခြင်း), Cooking(ချက်ပြုတ်ခြင်း), Seasoning (ဟင်းခက်အမွှေးအကြိုင်များထည့်ခြင်း), Straining (အရည်စစ်ခြင်း), Reduction (လျော့ချခြင်း), Preservation (ထိန်းသိမ်းခြင်း), Quality Control (အရည်အသွေးထိန်းချုပ်ခြင်း) ၊ Packaging (ထုပ်ပိုးခြင်း)နှင့် Labeling (တံဆိပ်ခတ်ခြင်း) စသည့်နည်းလမ်းများဖြင့် စနစ်တကျ ထုတ်လုပ်ကြသည်ကို လေ့လာတွေ့ရှိရပါသည်၊၊

ကျွန်ုပ်တို့ Super Seven Stars Industrial Development Company Limited သည်လည်း Sauces (ဆော့စ်)၊ Paste နှင့် Jam (သစ်သီးယို) များနှင့်သက်ဆိုင်သော စားသောက်ကုန်ပစ္စည်းများထုတ်လုပ်ရာတွင် ပိုမိုလွယ်ကူစွာဖြင့် စိတ်ကြိုက်ထုတ်လုပ်နိုင်သည့် ကမ္ဘာ့အဆင့်မီ အရည်အသွေးမြင့် ထိပ်တန်းစက်ယန္တရားများကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ တင်သွင်းရောင်းချပေးနေပါသည်၊၊

အရည်အသွေးမြင့် စက်ယန္တရားများ

အရည်အသွေးမြင့်စက်ယန္တရားများ ဆိုသည်မှာ ကုန်ထုတ်လုပ်မှု နယ်ပယ်တွင် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ Design ပြုထုတ်လုပ်ထားသော အဆင့်မြင့်နည်းပညာများစွာနှင့် ယုံကြည်စိတ်ချရသော စက်ကိရိယာများ အား ရည်ညွှန်းသည်။အဆိုပါ စက်ယန္တရားများသည် ပုံမှန်အားဖြင့် သာလွန်ကောင်းမွန်သော စွမ်းဆောင်ရည်များဖြင့် တိကျမှု၊ ကြာရှည်ခံမှုနှင့် ထိရောက်မှုတို့ကို ပေးဆောင်နိုင်သည်။

အရည်အသွေးမြင့် စက်ယန္တရားများကို အသုံးပြုခြင်းဖြင့်

  1. Precision: ကုန်ထုတ်လုပ်မှုတွင် တသမတ်တည်းနှင့် မြင့်မားတိကျသောရလဒ်များ ၊ အသေးစိတ်တိုင်းတာမှုများဖြင့် ကုန်ထုတ်လုပ်မှု အရည်သွေးကိုကောင်းမွန်စေခြင်း။
  2. Reliability: ခိုင်ခံ့သောတည်ဆောက်မှု နှင့် အရည်အသွေးမြင့်ပစ္စည်းများ အသုံးပြုထားခြင်းကြောင့် မလိုလားအပ်သောရပ်တန့်ချိန်အပြင် လိုအပ်သော ပြုပြင်ထိန်းသိမ်းမှုဖြင့် စက်၏ကြံ့ခိုင်မှုအားမြင့်တင်ကာ ရေရှည်လည်ပတ် အသုံးပြုနိုင်ခြင်း။
  3. Advanced Technology: အလိုအလျောက်စနစ်နှင့် AI စွမ်းရည်များကဲ့သို့သော နောက်ဆုံးပေါ်နည်းပညာ များကို ပေါင်းစပ်ထည့်သွင်း အသုံးပြုထားခြင်း။
  4. Efficiency: ကုန်ထုတ်လုပ်မှုတွင် အလေအလွင့်များကို လျော့ချပြီး အရည်အသွေး ပြည့်ဝသော ထုတ်ကုန်ပစ္စည်းများအား တိုးတက်မြင့်မားစွာ ထုတ်လုပ်နိုင်ခြင်း။
  5. User-Friendly: အသုံးပြုမည့်သူများလွယ်ကူစွာအသုံးပြုနိုင်ရန် အလိုအလျောက် သိနိုင်သော ထိန်းချုပ်မှု စနစ်များ ပါ၀င်သည့် ပြီးပြည့်စုံသော ပံ့ပိုးကူညီမှုနှင့် လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ပေးခြင်း။
  6. Safety: စက်အသုံးပြုသူများ၊အလုပ်သမားများ၊ ပတ်ဝန်းကျင်ရှိ လူများ နှင့် သဘာဝပတ်ဝန်းကျင်အား ကာကွယ်ရန် အမြင့်မားဆုံးဘေးကင်းရေးစံနှုန်းများအား လိုက်နာကာ Design ရေးဆွဲထုတ်လုပ်ထားခြင်း။
  7. Customization: လုပ်ငန်းရှင်၏လိုအပ်ချက်အား လိုက်လျောညီထွေ တိကျစွာဖြင့် စိတ်ကြိုက် ပြင်ဆင်ပြောင်းလဲနိုင်ခြင်း စသည့်အားသာချက်များကိုရရှိစေနိုင်မည်ဖြစ်သည်၊၊

ထို့အပြင် ခေတ်မီဖွံ့တိုးတက်ပြီးသောနိုင်ငံများမှ ကုန်ထုတ်လုပ်မူနည်းပညာများနှင့် အရည်အသွေးမြင့်စက်ယန္တရားများ ကိုအသုံးပြုခြင်းဖြင့်

Multifunctionality - မတူညီသော အသီးအနှံများ (ဥပမာ ခရမ်းချဉ်သီး၊ ငရုတ်သီး၊ သရက်သီး၊ စတော်ဘယ်ရီ) တို့ကို ဖြတ်တောက်ခြင်း၊ တူးဖော်ခြင်း၊ ကြိတ်ခွဲခြင်းနှင့် ကြိတ်ခြင်းစသည့် လုပ်ငန်းစဉ်များစွာကို စက်တစ်ခုတည်းဖြင့်ပြုလုပ်နိုင်ခြင်း၊၊

Adaptability - ကွဲပြားခြားနားသောထုတ်ကုန်ပစ္စည်းများ၊ ထုတ်ကုန်အရွယ်အစားနှင့် ပုံသဏ္ဍာန်များကို အလွယ်တကူ ပြောင်းလဲထုတ်လုပ်နိုင်ခြင်း။

Efficiency - လုပ်ငန်းစဉ်များစွာကို စက်တစ်ခုတည်းတွင် ပေါင်းစပ်ခြင်းဖြင့်၊ ထုတ်လုပ်မှုအချိန်ကို လျော့ကျစေပြီး ထိရောက်မှု တိုးမြင့်စေပြီး လုပ်သားကုန်ကျစရိတ်ကို လျော့ကျစေနိုင်ခြင်း၊၊

Space-Saving - အမျိုးမျိုးသော လုပ်ငန်းစဉ်များစွာကို စက်တစ်ခုတည်းဖြင့် ပြုလုပ်နိုင်သောကြောင့် ထုတ်လုပ်မှုအချိန်ကို လျော့ကျစေပြီး ကုန်ထုတ်လုပ်မှု အရည်အတွက်နှင့်အရည်အသွေးကို ပိုမိုတိကျမြန်ဆန်စေနိုင်ခြင်း၊၊

Cost-Effective - စွယ်စုံသုံးစက်ပစ္စည်းများတွင် ရင်းနှီးမြုပ်နှံခြင်းသည် ငွေလုံးငွေရင်းအသုံးစရိတ်၊ ပြုပြင်ထိန်းသိမ်းရေးစရိတ်များလျော့ချပေးနိုင်သည့်အပြင် ထုတ်လုပ်မှုဆောင်ရွက်မည့် လုပ်သားများကိုလည်း စက်၏ လုပ်ဆောင်လည်ပတ်ပုံများကို အလွယ်တကူ သင်တန်းပေးသင်ကြားနိုင်ခြင်း၊၊

Scalability - အမျိုးမျိုးသော ထုတ်လုပ်မှုလိုအပ်ချက်များကိုဖြည့်ဆည်းရန် စက်၏ထုတ်လုပ်နိုင်မှုအချိန်ကိုမထိခိုက်စေဘဲ အလွယ်တကူချိန်ညိနိုင်ရန် စံနှုန်းသတ်မှတ် ထားခြင်း။

Improved Quality Control - ထုတ်လုပ်မှုလုပ်ငန်းစဉ် အဆင့်များ နည်းပါး အောင် design ဆွဲထားခြင်းကြောင့် ကုန်ပစ္စည်း၏အရည်အသွေးကို တစ်သမတ်တည်း ထိန်းသိမ်းရန်နှင့် အမှားအယွင်းများ ဖြစ်နိုင်ခြေကို လျှော့ချရန် ပိုမိုလွယ်ကူခြင်း။

Innovation and Customization - စက်ယန္တရား၏ လိုက်လျောညီထွေရှိမှုကြောင့် ထုတ်လုပ်သူ လုပ်ငန်းရှင်များ၏ လိုအပ်ချက်များနှင့် ကိုက်ညီရန် ထုတ်ကုန်များကို ပိုမိုလွယ်ကူစွာ ဆန်းသစ်ပြီး စိတ်ကြိုက်ပြင်ဆင်နိုင်ခြင်း စသော အကျိုးကျေးဇူးများစွာကိုလည်းရရှိစေနိုင်ပါသည်၊၊

နိုင်ငံအတွင်းရှိ သန့်ရှင်းလတ်ဆတ်သော အသီးအနှံများ (ခရမ်းချဉ်သီး၊ ငရုတ်သီး၊ စတော်ဘယ်ရီ၊ သရက်သီး ) အစရှိသည့် သီးနှံများကိုကုန်ကြမ်းအဖြစ်အသုံးပြုပြီး တရုတ်၊ထိုင်ဝမ်၊ အိန္ဒိယ နှင့် ဥရောပမှ အီတလီ၊ ဂျာမနီ စသော နိုင်ငံများမှနည်းပညာနှင့် စက်ယန္တာရားများကို အသုံးပြုကာ အရည်အသွေးပြည့်၀၍ ကျန်းမာရေးနှင့်ညီညွတ်သော Sauce၊ Paste နှင့် Jam များကိုထုတ်လုပ်ရောင်းချခြင်းဖြင့် မိမိ၏ကုန်ထုတ်လုပ်မှုကဏ္ဍ မြင့်တင်ရန်လိုအပ်ပါသည်၊၊ ကုန်ထုတ်လုပ်မူနည်းပညာများကို ခေတ်မီဖွံ့တိုးတက်ပြီးသောနိုင်ငံများမှ ယူဆောင်အသုံးပြုခြင်းကြောင့် လူကြီးမင်းတို့၏ကုန်ထုတ်လုပ်မှုစရိတ်ကိုလျော့ကျစေနိုင်သည့်အပြင် အကျိုးစီးပွားကို ပိုမိုတိုးတက်ဖြစ်ထွန်းစေပါသည်။

လူကြီးမင်းတို့၏ sauces(ဆော့စ်) , Paste , Jam(သစ်သီးယို) လုပ်ငန်းကို ကိုယ်တိုင် စတင် စီမံလုပ်ကိုင်ရန် (သို့) လည်ပတ်လျက်ရှိသော လုပ်ငန်းကို အဆင့်မြှင့်တင်ရန် စိတ်ပါဝင်စားသော လုပ်ငန်းရှင်များ အတွက် လိုအပ်သောအကူညီထောက်ပံ့မှုများနှင့်နည်းပညာမြင့် စက်ယန္တရားများ ဖြင့် အကောင်းမွန်ဆုံး ဝန်ဆောင်မှုများပေးခြင်းတို့ကို ဆောင်ရွက်ပေးမည် ဖြစ်သောကြောင့် Super Seven Stars Industrial Development ကုမ္ပဏီ၏ Hotline နံပါတ် 09-940844255 (သို့) e-mail address ဖြစ်သည့် info@sssindustrialdevelopment.com သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။ သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။

Leave a comment