နေ့စဉ်ဘဝ၏ တစ်ကိုယ်ရေ စောင့်ရှောက်မှု ထုတ်ကုန်များအကြောင်း

လူသားတို့သည် တစ်နေ့တာကို ဖြတ်သန်းရာတွင် တစ်ကိုယ်ရေစောင့်ရှောက်မှု ထုတ်ကုန်များသည်လည်း မဖြစ်မနေ အရေးပါသော နေရာတွင် ရှိနေကြပါသည်။ ကျန်းမာရေး၊ အလှအပနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးတို့အတွက် အသုံးပြုရသော ဓာတုဒြပ်ပေါင်းပစ္စည်းများ စုပေါင်းထားသော အမျိုးအစားတစ်ခုဟူ၍လည်း ခေါ်ဝေါ်နိုင်ပါသည်။ ၎င်းတွင် အလှကုန်ပစ္စည်းများ၊ ဆံသားထိန်းသိမ်းစောင့်ရှောက်သည့် ပစ္စည်းများ၊ သန့်ရှင်းမှုအတွက် အသုံးပြုရသော ပစ္စည်းများနှင့် တစ်ကိုယ်ရေစောင့်ရှောက်မှုထုတ်ကုန်များ ပါဝင်ပါသည်။ ကျွမ်းကျင်ပညာရှင်များ၏ အဆိုအရ အသားအရေကို သဘာဝအတိုင်း ထိန်းသိမ်းပေးသည့် ထုတ်ကုန်များတွင် ဓာတုရေမွှေး၊ အရောင်၊ Paraben၊ ဆာလဖိတ်နှင့် Phthalate များ ကင်းစင်ရန် လိုအပ်ပါသည်။ ယေဘူယျအားဖြင့်လည်း ကိုယ်ခန္ဓာအရေပြားကို ကုသပေးနိုင်သော အာနိသင် ပါဝင်ကြောင်းကို တွေ့ရှိရပါသည်။ လူသားတို့၏ ခန္ဓာကိုယ် ပြင်ပအစိတ်အပိုင်းများ သန့်ရှင်းစင်ကြယ်မှုအတွက် အသုံးပြုပေးသော ထုတ်ကုန်များကို Personal Care တစ်ကိုယ်ရေ စောင့်ရှောက်မှု ထုတ်ကုန်များဟုခေါ်ပါသည်။ ၎င်းတို့သည် ဘေးအန္တရာယ်ဖြစ်စေသော ပိုးမွှားများ ရန်မှ ကာကွယ်ပေးပြီး သန့်ရှင်းမှု ရှိစေရန် ထိန်းသိမ်းစောင့်ရှောက်ပေးပါသည်။

တစ်ကိုယ်ရေ စောင့်ရှောက်မှု ထုတ်ကုန်ပစ္စည်းအမျိုးအစားများကို ၄င်းတို့၏ လုပ်ဆောင်မှု အာနိသင်အပေါ် မူတည်၍ သော်လည်းကောင်း၊ သုံးစွဲသည့်နေရာအပေါ် မူတည်၍သော်လည်းကောင်း အမျိုးအစားများ ခွဲခြားသတ်မှတ်ထားပါသည်။ တစ်ကိုယ်ရေ စောင့်ရှောက်မှု ထုတ်ကုန်များတွင် ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ဆံပင်ပေါင်းဆေး၊ သွားတိုက်ဆေးနှင့် ခံတွင်းသန့်စင်ဆေးရည်၊ နေလောင်ခံလိမ်းဆေး စသည့်တို့ပါဝင်ပြီး ဆပ်ပြာသည် ခန္ဓာကိုယ်ကို သန့်စင်စေရန်နှင့် အစိုဓာတ်ဖြည့်ပေးနိုင်ရန်အတွက် ထုတ်လုပ်ထားသော ထုတ်ကုန်တစ်မျိုးဖြစ်ပါသည်။ ခေါင်းလျှော်ရည်နှင့် ဆံပင်ပေါင်းဆေးများကို ဆံကေသာထိန်းသိမ်းမှုအတွက် ထုတ်လုပ်ထားပြီး ၎င်းတို့သည် ဦးရေပြားကို သန့်ရှင်းကျန်းမာစေပြီး ဆံသားကို ကောင်းမွန်လှပစေပါသည်။ သွားတိုက်ဆေးနှင့် ခံတွင်းသန့်ဆေးရည်များကို သွားနှင့်ခံတွင်း ကျန်းမာရေး ထိန်းသိမ်းမှုအတွက် ထုတ်လုပ်ထားပြီး နေလောင်ခံလိမ်းဆေးကို အသားအရေ ထိန်းသိမ်းစောင့်ရှောက်မှုအတွက် ထုတ်လုပ်ထားပြီး ၎င်းတို့ကို တစ်ကိုယ်ရေ စောင့်ရှောက်မှု ထုတ်ကုန်များအဖြစ် သတ်မှတ်ထားပါသည်။ လူသားတို့အတွက် တစ်ကိုယ်ရေ သန့်ရှင်းမှုနှင့် ကျန်းမာရေးကို ထိန်းသိမ်းပေးရန်အတွက် တစ်ကိုယ်ရေသန့်ရှင်းရေး ထုတ်ကုန်များသည် မရှိမဖြစ် လိုအပ်ပြီး ကျန်းမာရေးအတွက်ဖြစ်စေ၊ အလှအပရေးရာနှင့် ပတ်သက်၍ဖြစ်စေ တစ်ကိုယ်ရေ စောင့်ရှောက်မှု ထုတ်ကုန်များကို ကမ္ဘာတစ်လွှားမှာရှိသော လူမျိုးတိုင်းမှ သုံးစွဲနေကြပါသည်။

တစ်ကိုယ်ရေ စောင့်ရှောက်မှု ထုတ်ကုန်များ၏ အကျိုးကျေးဇူးများကို လေ့လာကြည့်မည်ဆိုပါက ရေချိုးဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ သွားတိုက်ဆေး၊ ဂျိုင်းချွေးနံ့ပျောက်ဆေးကဲ့သို့သော ထုတ်ကုန်များသည် တစ်ကိုယ်ရေ သန့်ရှင်းမှုကို ကောင်းမွန်စွာ အထောက်အကူပြုပြီး ဘက်တီးရီးယား ပိုးမွှားများ၏ အန္တရာယ်မှလည်း ကာကွယ်ပေးပါသည်။ ကျန်းမာရေးအထောက်အကူပြု တစ်ကိုယ်ရေသန့်ရှင်းရေး ထုတ်ကုန်များသည် လူ၏ အရေပြား၊ ဆံပင်၊ ခြေသည်း လက်သည်းနှင့် အခြားခန္ဓာကိုယ်အစိတ်အပိုင်းများကို ပိုမိုကျန်းမာသန်စွမ်းစေပါသည်။ ဥပမာအနေဖြင့် ပြောရမည်ဆိုပါက Body Lotion သည် ခန္ဓာကိုယ်၏ အရေပြားကို အစိုဓာတ်ပေးပြီး ရေချိုးဆပ်ပြာသည် ခန္ဓာကိုယ်မှ အညစ်အကြေးများကို သန့်စင်ပေးပါသည်။ တစ်ကိုယ်ရေစောင့်ရှောက်မှု ထုတ်ကုန်များသည် စိတ်အပန်းပြေစေသော စိတ်ခံစားမှုနှင့်အတူ မိမိတို့ကိုယ်တိုင် စောင့်ရှောက်ထိန်းသိမ်းတတ်စေသော အလေ့အထတစ်ခုကိုလည်း ဖန်တီးပေးပါသည်။ တစ်ကိုယ်ရေ ကျန်းမာရေးနှင့် ပြင်ပ သွင်ပြင်လက္ခဏာဖြစ်သော ဆံပင်နှင့် ဆံသားတို့ကို ခေါင်းလျှော်ရည်ကြောင့် ကျန်းမာလှပစေပါသည်။ တစ်ကိုယ်ရေစောင့်ရှောက်မှု လူသုံးကုန်ပစ္စည်းများထဲမှ လူတိုင်း မဖြစ်မနေ သုံးစွဲရသော ဆံကေသာ ထိန်းသိမ်းရေး ထုတ်ကုန်ဖြစ်သည့် ခေါင်းလျှော်ရည်သည် အရေးကြီးထုတ်ကုန်တစ်ခုအဖြစ် လက်ခံသုံးစွဲလျက်ရှိကြပြီး ဆံသားကို သန့်စင်စေရန်အတွက် ခေါင်းလျှော်ရည်များကို ပျစ်သော အရည်ပုံစံဖြင့် ထုတ်လုပ်ပေးထားပါသည်။ ခေါင်းလျှော်ရည်သည် ဆံသားနှင့် ဦးရေပြားအတွင်းမှ မလိုလားအပ်သော အဆီများကို ဖယ်ရှားသန့်စင်ပေးပြီး တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် ပျက်စီးမှုကင်းပြီး ပုံကျလှပသော ဆံသားကို ရရှိစေရန်အတွက် အသုံးပြုပေးကြခြင်း ဖြစ်ပါသည်။ ခေါင်းလျှော်ရည်ကို စွတ်စိုနေသော ဆံပင်တွင် လိမ်း၍ ဦးရေပြားကို နှိပ်နယ်ပြီး ရေဆေးချခြင်းဖြင့် အသုံးပြုပြီး ခေါင်းလျှော်ပေးခြင်းသည် အဆီပိုများကို ဖယ်ရှားပေးသောကြောင့် တစ်ကိုယ်ရေသန့်ရှင်းမှုအတွက်သာမက ‌ဦးရေပြား မှိုရောဂါတစ်မျိုးဖြစ်သော ဗောက်ထခြင်းနဲ့ ဆံပင်ကျွတ်ခြင်းတို့ကိုပါ လျော့ချကာကွယ်ပေးနိုင်ပါသည်။ အရည်အသွေးကောင်းသော ခေါင်းလျှော်ရည်ဖြင့် ခေါင်းလျှော်ပြီးပါက ဦးရေပြားသည် အဆီပြန်ခြင်း ကင်းစင်သွားပြီး ဦးရေပြားရောင်ရမ်းခြင်း၊ ယားယံခြင်းနှင့် အနံ့ဆိုးထွက်ခြင်းတို့ကိုပါ လျော့ချပေးနိုင်ပါသည်။ ထို့နောက် ဆံပင်ပျော့ဆေးကိုပါ ထပ်မံ အသုံးပြုပေးခြင်းဖြင့် ပိုမိုကောင်းမွန်သော ရလဒ်ကို ရရှိစေနိုင်ပါသည်။

ရှေးယခင်က မြန်မာလူမျိုးများသည် မိန်းမတို့ဘုန်း ဆံထုံးဟူ၍ ဆံပင်ကို အမြတ်တနိုး ထားကြပါသည်။ ယနေ့ခေတ်တွင်လည်း ပြောင်းလဲလာသော လူနေမှုစနစ်နှင့် ခေတ်ရေစီးကြောင်း ယဉ်ကျေးမှုပုံစံကို လိုက်၍ ဆံပင်ထိန်းသိမ်းစောင့်ရှောက်မှု ပြောင်းလဲလာသော်လည်း ဆံပင်၏အရေးပါမှုမှာ ပြောင်းလဲမသွားသေးပေ။ ကောင်းမွန်လှပသော ဆံပင်ပုံစံသည် ပျော်ရွှင်ကြည်နူးစရာနေ့ရက်များကို လန်းဆန်းသောစိတ်နှင့် ကျော်ဖြတ်နိုင်စေရန်အတွက် ခွန်အားတစ်ခု ဖြစ်စေပါသည်။

ထို့ကြောင့် လူသားတို့၏ နေ့စဉ်ဘဝတွင် အရေးပါလှသည့် တစ်ကိုယ်ရေ စောင့်ရှောက်မှု ထုတ်ကုန်များကို စိတ်ပါဝင်စားသော လုပ်ငန်းရှင်များအတွက် အရည်အသွေးမြင့် ခေတ်မီစက်ပစ္စည်းများနှင့် လိုအပ်သော နည်းပညာ ကူညီထောက်ပံ့မှုများကို အကောင်းမွန်ဆုံး ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ပါသောကြောင့် Super Seven Stars Industrial Development ကုမ္ပဏီ၏ Hotline နံပါတ် 09-940844255 (သို့) e-mail address ဖြစ်သည့် info@sssindustrialdevelopment.com သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

Leave a comment