အဆာပြေ မုန့်ပဲသရေစာမုန့် ဈေးကွက်နှင့် တိုးတက်လာသော ထုတ်လုပ်မှု နည်းပညာကဏ္ဍသစ်
လူသားတို့၏ နေ့စဉ်လူနေမှုဘဝတွင် အဆာပြေ မုန့်ပဲသရေစာမုန့်များကို ကျောင်းနေအရွယ် ကလေးများ၊ လူငယ်များ၊ လုပ်ငန်းခွင်အသီးသီးမှ အလုပ်လုပ်နေသူများသာမက ခရီးသွားလာချိန်များတွင် အလွယ်တကူ စားသုံးနိုင်မှုကြောင့် အဆာပြေ မုန့်ပဲသရေစာ မုန့်ဈေးကွက်မှာ ကြီးမားလျက် ရှိနေပါသည်။ ထို့ကြောင့် အဆာပြေစားစရာ မုန့်ပဲသရေစာများ ထုတ်လုပ်မှုသည် စားသုံးသူ များပြားလာသည်နှင့်အမျှ ဈေးကွက် လိုအပ်ချက်များနှင့်အညီ ပိုမိုဆန်းသစ် ထုတ်လုပ်နိုင်ရန် လိုအပ်ပါသည်။
ရှေးယခင်က အဆာပြေ မုန့်ပဲသရေစာများ ထုတ်လုပ်ရာတွင် ဆန်၊ ပြောင်းဖူး၊ အာလူး စသည့် သဘာဝအရင်းအမြစ်များကို အသုံးပြု၍ တစ်နိုင်တပိုင် အိမ်တွင်းစီးပွားရေး လုပ်ငန်းအသွင်ဖြင့် ထုတ်လုပ်ခဲ့ကြပြီး ယခုအခါ တိုးတက်ပြောင်းလဲလာသော လူနေမှုပုံစံကြောင့် မုန့်ပဲသရေစာများကို စားသုံးသူများ ကြိုက်နှစ်သက်သော အရသာ၊ သန့်ရှင်းစင်ကြယ်မှုနှင့် အရည်အသွေး ကောင်းမွန်စေမှုအတွက် နည်းပညာအသစ်များကို အသုံးပြု၍ ထုတ်လုပ်လာကြပြီ ဖြစ်ပါသည်။
ဥပမာအားဖြင့် လေ့လာကြည့်မည်ဆိုပါက ယခင်က အာလူးကြော် ထုတ်လုပ်ရာတွင် လူသားတို့၏ လုပ်အားကိုသာ အသုံးပြု၍ ထုတ်လုပ်ခဲ့ကြပြီး ယခုအခါတွင် ခေတ်မီနည်းပညာသုံး စက်ကြီးများကို အသုံးပြု၍ ထုတ်လုပ်လာကြပြီဖြစ်ပါသည်။ ၎င်းစက်ကြီးများ၏ အလိုအလျောက်စနစ်သည် အာလူးများကို ညီညာစွာ လှီးဖြတ်ပေးနိုင်ခြင်း၊ ကြော်ရန် အကြော်ဆီအိုးများဆီသို့ အလိုအလျောက် ပို့ဆောင်ပေးခြင်း၊ အပူချိန်ကို ထိန်းညှိပေး၍ အကျက်ညီအောင် ကြော်ပေးခြင်း၊ ရရှိလာသော အားလူကြော်များကို အရသာသွင်းပေးခြင်းနှင့် စနစ်တကျ ထုပ်ပိုးခြင်း လုပ်ငန်းစဉ်များအထိ လျင်မြန်စွာ လုပ်ဆောင်ပေးနိုင်ပါသည်။
ထို့အပြင် သဘာဝသစ်သီး အဆီအနှစ်များကို သကြားနှင့် အခြားလိုအပ်သည့် ပါဝင်ပစ္စည်းများရောစပ်၍ ထုတ်လုပ်ထားသော ဂျယ်လီနှင့် သကြားလုံးများသည်လည်း ကလေးများ အလွန်ကြိုက်နှစ်သက်သည့် မုန့်ပဲသရေစာတစ်မျိုး ဖြစ်သောကြောင့် ခေတ်မီနည်းပညာနှင့် စက်ကိရိယာများကို အသုံးပြု၍ ပိုမို စုံလင်လှပသော အရောင်အသွေး၊ ဆန်းသစ်၍ စိတ်ဝင်စားဖွယ်ကောင်းလှသော ပုံစံအမျိုးမျိုးဖြင့် ဖန်တီးထုတ်လုပ်နေကြသည်ကိုလည်း တွေ့ရှိရပါသည်။
ထို့ကြောင့် အဆာပြေ မုန့်ပဲသရေစာ ထုတ်လုပ်မှုသည် ခေတ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်ပြီး စက်ရုံကြီးများတွင် Extrusion Technology, Vacuum Frying, Freeze Drying စသည့် ခေတ်မီနည်းပညာများကို အသုံးပြု၍ ထုတ်လုပ်ခြင်းအားဖြင့် မုန့်ပဲသရေစာများ၏ အရည်အသွေး ကောင်းမွန်မှု၊ သန့်ရှင်းသပ်ရပ်မှုနှင့် ထုပ်ပိုးမှုပုံစံများကို မြှင့်တင်ကာ စားသုံးသူများအတွက် ယုံကြည်စိတ်ချစွာ စားသုံးနိုင်မည့် ထုတ်ကုန်များကို ထုတ်လုပ်နိုင်ခဲ့ပါသည်။
ဤကဲ့သို့ ထုတ်လုပ်မှုစနစ်များ၊ နည်းပညာအသစ်များနှင့် စက်ယန္တရားအသစ်များ ပေါ်ပေါက်လာသောကြောင့် အချို့သော မုန့်ပဲသရေစာများသည် ရိုးရှင်းသော အဆာပြေ အစားအစာမှ ကျန်းမာရေးအတွက် အထောက်အပံ့ပေးနိုင်သော ထုတ်ကုန်များအဖြစ်သို့ ပြောင်းလဲလာခဲ့ပြီ ဖြစ်ပါသည်။
နောင်အနာဂတ်တွင်လည်း အဆာပြေစားစရာ မုန့်ပဲသရေစာ ထုတ်လုပ်မှုကို ပိုမိုခေတ်မီဆန်းသစ်သော နည်းပညာများဖြင့် အရည်အသွေး မြှင့်တင်မှုများ ထပ်မံဆောင်ရွက်ရမည်ဖြစ်ပြီး စားသုံးသူများ၏ ကျန်းမာရေးနှင့် ညီညွတ်မှုကိုလည်း အဓိကထား၍ ဆက်လက်လုပ်ဆောင်သွားရမည် ဖြစ်ပါသည်။ ထို့ကြောင့် အဆာပြေ မုန့်ပဲသရေစာ ထုတ်လုပ်ခြင်းသည် အနာဂတ်စီးပွားရေးကို ပိုမိုတိုးတက်စေမည့် လုပ်ငန်းတစ်ခုအဖြစ် ဆက်လက်၍ ရပ်တည်နေဦးမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ အဆာပြေ မုန့်ပဲသရေစာ ထုတ်လုပ်ခြင်းကို အရည်အသွေး ကောင်းမွန်စွာ စိတ်ချလုံခြုံမှု အပြည့်ဖြင့် ထုတ်လုပ်ရောင်းချလိုသော လုပ်ငန်းရှင်ကြီးများအတွက် Super Seven Stars Industrial Development ကုမ္ပဏီမှ အရည်အသွေးမြင့် ခေတ်မီစက်ယန္တရားများနှင့် လိုအပ်သော နည်းပညာ ကူညီထောက်ပံ့မှုများကို အကောင်းမွန်ဆုံး ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ပါသောကြောင့် Super Seven Stars Industrial Development ကုမ္ပဏီ၏ Hotline နံပါတ် 09-940844255 (သို) e-mail address ဖြစ်သည့် info@sssindustrialdevelopment.com သို့ တိုက်ရိုက် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။
Leave a comment