ကြက်သားမှ ကြက်သားစစ်စစ်အမှုန့်ထုတ်လုပ်ပုံအကြောင်း

လူသားတို့၏ တနေ့တာစားသောက်မှုကို ဖြည့်ဆည်းပေးနိုင်ရန် နည်းလမ်းမျိုးစုံ အသုံးပြုကာ လုပ်ဆောင်ပေးနေပါသည်။ ကြာရှည်အထားခံနိုင်ရန် သယ်ယူရလွယ်ကူစေရန် အချိန်မရွေး စားသုံးနိုင်ရန် ရည်ရွယ်ပြီး ကြက်သားကို အမှုန့် အဖြစ်ထုတ်လုပ်ပေးထားပါသည်။

ကြက်သားမှ အရောအနှော မပါဝင်သော ကြက်သားစစ်စစ်အမှုန့်ထုတ်လုပ်ရန် လုပ်ငန်းစဉ်များသည် စိတ်ပါဝင်စားသူများကို ဗဟုသုတများစွာ ပေးစွမ်းနိုင်ပါသည်။

ထုတ်လုပ်မှု လုပ်ငန်းစဉ် ပထမအဆင့်အနေဖြင့် အရည်အသွေးကောင်းသော ကြက်သားကို ရွေးချယ်ပေးရပါမည်။ အသားများစွာ ရရှိနိုင်သော ကြက်၏အပိုင်းကို ရွေးချယ်ခုတ်ဖြတ်ပြီး ရွေးချယ်အသုံးပြုနိုင်ရုံသာမက ကြက်၏အရိုးနှင့် အရေခွံများကိုပါ အရသာထူးကဲစေရန်အတွက် ထည့်သွင်းအသုံးပြုနိုင်ပါသည်။.

ဒုတိယအဆင့်တွင် ရွေးချယ်ထားသော ကြက်သားကို ရေနွေးထဲတွင် ပြုတ်ပြီး ကြက်စွပ်ပြုတ်ရည်ကို ရရှိစေပါသည်။ ကြက်၏ အနှစ်သာရ၊ အဆီ နှင့် ပရိုတင်း ကြွယ်ဝသော ကြက်ရည်ကို ရေနွေးဖြင့် ပြုတ်ခြင်း ပေါင်းခံခြင်း မှ ထုတ်လုပ်ရရှိစေပါသည်။ တချို့ ထုတ်လုပ်မှုများတွင် ကြက်အရေခွံကို ဖယ်ထုတ်ထားခြင်းလည်း ရှိနိုင်ပါသည်။

နောက်တဆင့်တွင် ကြက်စွပ်ပြုတ်ရည်ထဲမှ ကြက်သား၊ အရိုးနှင့် ကြက်ရေခွံများကို သပ်သပ်စီ ခွဲထုတ်ပါသည်။ ခွဲထုတ်ထားသည်များကို ကြက်သားမှုန့်ပြုလုပ်ရာတွင် အသုံးပြုနိုင်ပါသည်။ ကြက်စွပ်ပြုတ်ရည်ကို ကြည်လင်သန့်စင်စေရန် မလိုအပ်သော အမှုန်အမွှားများကို စစ်ထုတ်ပေးရပါသည်။

ကြက်စွပ်ပြုတ်တွင် ရေပါဝင်မှုကို အငွေ့ပျံစေခြင်း (သို့) ချက်ပြုတ်ခြင်းဖြင့် ပါဝင်သိပ်သည်းမှုကို လျော့ချပေးပါသည်။ ထိုလုပ်ဆောင်မှုသည် ကြက်စွပ်ပြုတ်ရည်အား အရသာကောင်းမွန်သော ကြက်သားအရသာကို ခံစားစေပါသည်။

ထပ်မံလုပ်ဆောင်ရမည့် အချက်မှာ ရရှိလာသော ကြက်စွပ်ပြုတ်ရည်ကို နည်းလမ်း (၃) မျိုး အသုံးပြုပြီး ကြက်သားစစ်စစ်အမှုန့် ထုတ်လုပ်နိုင်ပါသည်။ ပထမနည်းလမ်းအနေဖြင့် Spray-drying အသုံးပြုပြီး ကြက်စွပ်ပြုတ်ရည်မှ ကြက်သားမှုန့် ထုတ်လုပ်ခြင်း ဖြစ်ပါသည်။ နောက်နည်းလမ်းအဖြစ် Freeze Drying ကို အသုံးပြုပြီး သဘာဝအရသာ ပိုမိုရရှိနိုင်ရန် လုပ်ဆောင်နိုင်ပါသည်။ ၄င်းအပြင် Faster and Energy-efficient drying နည်း အသုံးပြု၍လည်း ထုတ်လုပ်နိုင်ပါသည်။

ရရှိလာသော ကြက်သားအမှုန့်များကို မိမိတို့အလိုရှိသော အမှုန့်အရွယ်အစား ရရှိနိုင်ရန် ထုတ်လုပ်ပေးရန် လိုအပ်ပါသည်။ ကြက်သား၏အမှုန့်သည် လွယ်ကူစွာ ပျော်ဝင်စေပြီး ညက်ညောသော အမှုန့်အနေအထား ရရှိစေရန် လိုအပ်ပါသည်။

အရည်အသွေး ထိန်းသိမ်းခြင်းအဖြစ် ထုတ်လုပ်မှုများ၏ လုပ်ငန်းစဉ်တိုင်းကို သေချာစွာ စောင့်ကြည့်ထိန်းသိမ်းပေးရန် လိုအပ်ပါသည်။ ကြက်သားအရသာနှင့် အရည်အသွေးကို အကောင်းဆုံး ထိန်းသိမ်းထားနိုင်ရန် ကြက်သားမှုန့် စတင်လုပ်ဆောင်ချိန်မှ စတင်ပြီး တိကျသေချာစွာ ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။

ခေတ်မီစက်ကိရိယာနှင့် နည်းပညာများ အသုံးပြုပြီး ထုတ်လုပ်မှုလုပ်ငန်းစဉ်နှင့် ထုတ်ကုန်တိုင်းတွင် လူသားတို့၏ မှားယွင်းမှုကို လျော့ချပေးနိုင်မည်ဖြစ်ပါသည်။

ရရှိလာသော ကြက်သားစစ်စစ်အမှုန့်၏ အရသာ၊ ရေဓါတ်ပါဝင်မှု နှင့် စားသုံးရန် အန္တရာယ်ရှိ/မရှိ တို့ကို စစ်ဆေးပေးရန် လုပ်ဆောင်ပေးရပါမည်။

အရည်အသွေးစစ်ဆေးပြီး ရရှိလာသော ကြက်သားစစ်စစ်အမှုန့်များကို လေလုံအိတ်၊ ပလတ်စတစ်အိတ် နှင့် လုပ်ငန်းသုံး အိတ်ကြီးများထဲသို့ ထည့်သွင်းထုပ်ပိုးနိုင်ပါသည်။ ထို အိတ်များကို လေလုံအောင် အငွေ့မပျံအောင်နှင့် သက်တမ်းကုန်ဆုံးရက်အထိ စားသုံးနိုင်စေရန် သေချာစွာ ထုပ်ပိုးလုပ်ဆောင်ပေးရပါသည်။
မိမိတို့ ထုတ်လုပ်ထားသော ကြက်သားစစ်စစ်အမှုန့်နှင့် ပတ်သက်သော ပါဝင်ပစ္စည်း၊ အာဟာရတန်ဖိုး နှင့် သက်တမ်းကုန်ဆုံးရက်စွဲတို့ ပါဝင်သော တံဆိပ်ကပ်ပေးရန်လည်း လိုအပ်ပါသည်။

ခြောက်သွေ့ပြီး အအေးဓာတ်လုံလောက်စွာ ရရှိသော ပတ်ဝန်းကျင်အနေအထားတွင် ကြက်သားမှုန့်၏ လတ်ဆတ်မှု ရရှိစေရန် သိုလှောင်ထားရှိရပါသည်။

ထုပ်ပိုးပြီး ကြက်သားစစ်စစ်အမှုန့်ထုပ်များကို တဆင့်ပြန်လည်ရောင်းချပေးသော လက်လီအရောင်းဆိုင်များ၊ ကုန်သည်ကြီးများနှင့် အစားအစာထုတ်လုပ်သူများထံ ပို့ဆောင်ဖြန့်ဖြူးပေးပါသည်။

သဘာဝထုတ်လုပ်မှုလုပ်ငန်းစဉ်များကို အသုံးပြုပြီး ထုတ်လုပ်ထားသည့် သန့်စင်သော ကြက်သားမှုန့်သည် ချက်ပြုတ်ချိန်တွင် ရေတွင်လွယ်ကူစွာ ပျော်ဝင်နိုင်ပြီး ကြက်သားစစ်စစ်၏ အရသာကို ပေးစွမ်းနိုင်ပါသည်။ ကြက်သားပါဝင်သော အစားအစာများဖြစ်သော ကြက်သားဆန်ပြုတ်၊ ခေါက်ဆွဲပြုတ် နှင့် အသင့်စားအစားအသောက်များ ဖန်တီးချက်ပြုတ်ရာတွင်လည်း ကြက်သားစစ်စစ် အမှုန့်ကို အသုံးပြုနိုင်ပါသည်။

အာဟာရပြည့်ဝသောဟင်းလျာများ ဖန်တီးချက်ပြုတ်ရာတွင် စိတ်ချယုံကြည်စွာ ထည့်သွင်းအသုံးပြုနိုင်သော ကြက်သားစစ်စစ်အမှုန့်ကို အရည်အသွေးမြင့်မားစွာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလိုသူများအတွက် ကျွန်ုပ်တို့ Super Seven Stars Industrial Development Co., Ltd မှ လိုအပ်သောကူညီထောက်ပံ့မှုများနှင့် နည်းပညာမြှင့် စက်ယန္တရားများဖြင့် အကောင်းမွန်ဆုံး ဝန်ဆောင်မှုပေးခြင်းတို့ကို ဆောင်ရွက်ပေးမည် ဖြစ်ပါသောကြောင့် Super Seven Stars Industrial Development ကုမ္ပဏီ၏ Hotline နံပါတ် 09-940844255 (သို့) e-mail address ဖြစ်သည့် info@sssindustrialdevelopment.com သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

Comments (1)

  1. Anm"al dig f"or att fa 100 USDT စက်တင်ဘာ 27, 2024

    Your point of view caught my eye and was very interesting. Thanks. I have a question for you.

Leave a comment