နေ့စဥ်ဘဝရဲ့ သောက်သုံးမှုတွေတိုင်းမှာ မရှိမဖြစ်ပါဝင်နေသော အာဟာရပြည့်ဝသော နို့မှုန့်အကြောင်း တစေ့တစောင်း

နို့မှုန့် (သို့မဟုတ်) အခြောက်ခံထားသောနို့များသည် ရာစုနှစ်ပေါင်းများစွာမှစတင်ကာ ယနေ့အချိန်တိုင် တစ်ကမ္ဘာလုံးရှိ အိမ်ထောင်စုတိုင်းတွင် စားသုံးနေကြပါသည်၊၊နို့မှုန့်သည် မ‌‌‌‌ရေတွက်နိုင်အောင်များပြားလှသော အကျိုးကျေးဇူးများစွာနှင့်အတူ စွယ်စုံအသုံးပြုနိုင်ခြင်းတို့ကြောင့် စားသုံးသူများအကြား အထူး ရေပန်းစားလူကြိုက်များနေပါသည်၊၊ နို့မှုန့်ကို နို့အစားထိုးအနေဖြင့် အာဟာရပြည့်ဝသော အစားအစာများပြုလုပ်ရာတွင်လည်း အသုံးပြုကြပါသည်၊၊နို့မှုန့်စတင်ဖြစ်ပေါ်လာသော သမိုင်းကြောင်းနှင့်အတူ ၎င်း၏ ထုတ်လုပ် အသုံးပြုပုံနှင့် နို့မှုန့် မှ ရရှိနိုင်သော အကျိုးကျေးဇူးများကိုဖော်ပြပေးသွားပါမည်၊၊

၁၈၀၀ အစောပိုင်းခုနှစ်မှစတင်ပြီး နို့မှုန့်ကိုစတင်ထုတ်လုပ် အသုံးပြုခဲ့ကြပါသည်။သို့သော် စက်ကရိယာများနှင့် နည်းပညာလိုအပ်ချက်များ ကြောင့် ကြာရှည်ထိန်း သိမ်းထားနိုင်သော ကာလတိုတောင်း သဖြင့် အရည်အသွေးစံချိန်မမှီမှု များ ဖြစ်ခဲ့ပါသည်၊၊

၁၈၀၀ခုနှစ်နှောင်းပိုင်း ကာလများတွင် ထုတ်လုပ်ခဲ့ သော နို့မှုန့်များသည် ပိုမိုကောင်းမွန် သော အရည်အသွေးထုတ်ကုန် များထုတ်လုပ်လာ နိုင်ခဲ့ပြီ သက်သာသော စျေးနှုန်းများ ဖြင့် ရောင်းချလာခဲ့ကြသည်၊၊

ဒုတိယကမ္ဘာစစ်ကာလအတွင်း နို့မှုန့် သုံးစွဲမှုမှာ ပိုမိုများပြား တွင်ကျယ်လာခဲ့သည်၊၊အဘယ်ကြောင့် ဆို သော်စစ်အတွင်း စားနပ်ရိက္ခာမလုံလောက်သဖြင့် နို့ရရှိရန်ခက်ခဲကြီးမားသော ကွက်လပ်ကို နို့မှုန့်သည် အကောင်းဆုံးဖြည့်ဆည်းပေးနိုင်ခဲ့ပါသည်၊၊ နို့မှုန့်သည် အဓိကအားဖြင့် အမျိုးအစား ( ၂ ) မျိုးရှိပါသည်၊၊အဆီဓာတ်၊ ပရိုတင်း နှင့် ရေဓာတ်ပါဝင်မှုပေါ် မှုတည်၍ မလိုင်ပြည့်နို့မှုန့်နှင့် အဆီထုတ်နို့မှုန့် ဟူ၍ နှစ်မျိုးခွဲခြားထားပါသည်၊၊

နို့မှုန့်သည် အဓိကအားဖြင့် အမျိုးအစား ( ၂ ) မျိုးရှိပါသည်၊၊အဆီဓာတ်၊ ပရိုတင်း နှင့် ရေဓာတ်ပါဝင်မှုပေါ် မှုတည်၍ မလိုင်ပြည့်နို့မှုန့်နှင့် အဆီထုတ်နို့မှုန့် ဟူ၍ နှစ်မျိုးခွဲခြားထားပါသည်၊၊

Whole milk powderမလိုင်ပြည့်နို့မှုန့်ကို နို့မှ အငွေ့ပျံခြင်းနှင့် အခြောက်ခံသည့် လုပ်ငန်းစဥ်ကိုအသုံးပြု၍ မလိုင်ပြည့်နို့မှုန့်ကို ထုတ်လုပ်ထားပါသည်။မလိုင်ပြည့်နို့မှုန့်တွင် အဆီပါဝင်မှု ( ၂၆ ) ရာခိုင်နှုန်းနှင့် ( ၅ ) ရာခိုင်နှုန်ထက်လျော့နည်းသော ရေဓာတ်ပါဝင်မှုရှိပါသည်။

Skimmed milk powder / Non-fat dry milk powderအဆီထုတ်နို့မှုန့် ကိုမလိုင်ပြည့်နို့မှ သတ်မှတ်ထားသော အပူချိန်တွင် အပူပေးပိုးသတ် ပြီး မလိုင်အဆီများကို ဖယ်ရှားရပါသည်၊၊၎င်းနောက်အခြောက်ခံ လုပ်ငန်းစဥ်ကို အသုံးပြုပြီး အဆီထုတ်နို့မှုန့်ကိုထုတ်လုပ်နိုင်ပါသည်။ အဆီထုတ်နို့မှုန့်တွင် ( ၁.၅ ) ရာခိုင်နှုန်း အဆီပါဝင်ပြီး ( ၅ ) ရာခိုင်နှုန်းထက်လျော့နည်းသော ရေဓာတ်ပါဝင်မှုရှိပါသည်၊၊

နို့မှုန့်၏အသုံးဝင်မှု အဖြစ် နို့မှုန့်ကို ပုံစံအမျိုးမျိုးတွင် အသုံးပြုနိုင်ပါသည်၊၊ဟင်းချက်ရာတွင် အရေးပါသောပါဝင်ပစ္စည်းတစ်ခုအဖြစ်သော် လည်းကောင်း၊ သယ်ယူပို့ဆောင်ရာတွင် လွယ်ကူမှုကြောင့်သော် လည်းကောင်း၊ အာဟာရပါဝင်မှုနှင့် ကြာရှည်ခံထိန်းသိမ်းထားနိုင်မှုတို့ကြောင့် မရှိမဖြစ်အရေးကြီးသော ပါဝင်ပစ္စည်းတစ်ခု အဖြစ်သတ်မှတ်ထားပါသည်၊၊

ထို့အပြင် နည်းလမ်းအမျိုးမျိုး ၊ ရည်ရွယ်ချက်အမျိုးမျိုးဖြင့် နို့မှုန့်ကိုတွင်ကျယ်စွာ အသုံးပြု လျက်ရှိပါသည်၊၊ လက်ဖက်ရည်၊ ကော်ဖီဖျော်ရာတွင် နို့အစားထိုးအဖြစ်၊ နို့မှုန့်ကို အသုံးပြုခြင်း ၊ အာဟာရပြည့်ဝသော Smoothie နှင့် Shake ဖျော်ရည်များကို အဆီ ပါဝင် မှု မရှိသော သောနို့မှုန့်များနှင့်ပြုလုပ်ခြင်း၊ ကိတ်နှင့် အခြားဆက်စပ်ပစ္စည်းများဖြစ်သော ကွတ်ကီး၊ Cup Cake၊ Muffins၊ Pancakeနှင့် ပေါင်မုန့်များပြုလုပ်ရာတွင် အသုံးပြုနိုင်ခြင်း ၊ ပုံမှန်နေ့စဥ်စားသုံးနေသည့် အစားအစာများဖြစ်သော ပူတင်း၊ စွတ်ပြုတ်နှင့် အာလူးထောင်း အစရှိသည် တို့တွင်အာဟာရပိုမိုကြွယ်ဝစေရန် ထည့်သွင်းစားသုံးနိုင်ခြင်း တို့ ဖြစ်ပါသည်၊၊

နို့မှုန့်၏အကျိုးကျေးဇူးများ မှာ အစားအသောက်များပြင်ဆင်ချက်ပြုတ်ရာတွင် အသုံးပြုနိုင်ရုံသာမက အလှအပရေးရာအတွက် မျက်နှာပေါင်းတင်ရာတွင်လည်းအသုံးပြုနိုင်ပါသည်၊၊နို့မှုန့်တွင် ကယ်လစီယမ်၊ ပရိုတင်း၊ ဗီတာမင်အေ၊ ဗီတာမင်ဘီ နှင် ဗီတာမင်ဘီ12 တို့ပါဝင်ပြီး ခန္ဓာကိုယ် အရိုး များ သန်မာ မှုအတွက် အာဟာရ အရင်းအမြစ်ကောင်းတစ်ခုဖြစ်ပါသည်၊၊

လူသားတို့အတွက် သင့်လျော်‌သောနို့မှုန့် ပမာဏကိုစားသုံးခြင်းသည် နေ့စဥ် ကယ်လစီယမ် လိုအပ်ချက်ကိုလွယ်ကူစွာဖြည့်ဆည်းပေးနိုင်ပြီး အရိုးကျိုးခြင်း၊အရိုးပွခြင်း၊ အခြားအရိုးနှင့် ပတ်သတ်သော ရောဂါများဖြစ်ပွားနိုင်ခြေများစွာကိုလျော့ကျစေနိုင်ပါသည်၊၊

ပရိုတင်းပမာဏနှင့် ခွန်အားပြည့်ဝစေရန် အတွက် နေ့စဥ်အစားအစာများတွင် နို့မှုန့်ကိုထည့်သွင်းစားသုံးနိုင်ပါသည်၊၊ကျန်းမာရေးလိုအပ်ချက်အရ ပရိုတင်းဓာတ်လိုအပ်သူများအတွက်လည်းအထူးသင့်လျော်ပါသည်၊၊ထို့အပြင် နို့မှုန့်တွင်ပါဝင်သော အရည်အသွေးမြင့် ပရိုတင်းဓာတ်ကြောင့် ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်ပြီး သောက်သုံးပေးပါက ကြွက်သားတည်ဆောက်မှုနှင့် ကိုယ်အလေးချိန်ထိန်းသိမ်းမှုကိုအထောက်အကူပြုပေးပါသည်။

နို့မှုန့်တွင် ပိုတက်စီယမ်ပါဝင်ပြီး ပိုတက်စီယမ် ပမာဏကိုထိန်းညှိစားသုံးပေးပါက သွေးပေါင်ချိန်ကျစေပြီး နှလုံးသွေးကြောကျဥ်းရောဂါဖြစ်နိုင်ချေကို လျော့ချပေးနိုင်ပါသည်၊၊နောက်ဆုံးအနေဖြင့် နို့မှုန့်တွင်ပါဝင်သည့် မရှိမဖြစ် လိုအပ်သော အာဟာရဓာတ်များနှင့် အမိုင်နိုအက်ဆစ်ဓာတ်သည် ခန္ဓာ ကိုယ် ရှိ ဆဲလ်များကိုပြုပြင်ပေးခြင်း၊ ခန္ဓာကိုယ်ကြီးထွားခြင်းနှင့် ဖွံ့ဖြိုးတိုးတက် မှုအတွက်အထောက်အကူဖြစ်စေပြီး ခုခံအားစနစ်ကိုလည်း ထိန်းညှိပေးပါသည်။

အာဟာရပြည့်ဝသော နေ့စဥ်ဘဝရဲ့ သောက်သုံးမှုတွေတိုင်းမှာ မရှိမဖြစ်ပါဝင်နေသော နို့မှုန့်ကို ထုပ်ပိုးမှုပုံစံအမျိုးအမျိုးတို့ဖြင့် ရောင်းချရန် စိတ်ပါဝင်စားသောလုပ်ငန်းရှင်များအတွက် ကျွန်ုပ်တို့ Super Seven Stars Industrial Development Co., Ltd. မှလိုအပ်သောအကူအညီထောက်ပံ့မှုများနှင့် နည်းပညာမြှင့် စက်ယန္တရားများဖြင့် အကောင်းမွန်ဆုံး ဝန်ဆောင်မှုများပေးခြင်းတို့ကို ဆောင်ရွက်ပေးနေပါသည်။

Super Seven Stars Industrial Development ကုမ္ပဏီ၏ Hotline နံပါတ် 09-940844255 (သို့) e-mail address ဖြစ်သည့် info@sssindustrialdevelopment.com သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။.

Leave a comment