နို့သောက်သုံးမှုအလေ့အထနှင့် အကျိုးကျေးဇူးများ

နို့သည် အာဟာရအပြည့်ဝဆုံးနှင့် စွယ်စုံသုံးအစားအစာတစ်ခုအဖြစ် ကမ္ဘာပေါ်တွင် လက်ခံထားကြပါသည်။ နို့ကို နွား၊ ဆိတ်၊ သိုး၊ ကုလားအုတ် နှင့် သစ်ပင်များမှ ရရှိနိုင်ပါသည်။ နို့ကိုထပ်မံပြီး မလိုင်အပြည့်ပါသောနို့၊ အဆီထုတ်ယူထားသောနို့၊ အဆီပါဝင်မှု နည်းပါးသောနို့ နှင့် Lactose မပါဝင်သောနို့ဟူ၍ ခွဲခြားထားပါသည်။

ကမ္ဘာတစ်ဝှမ်းရှိ လူသားများသည် နို့ကို ရည်ရွယ်ချက်မျိုးစုံဖြင့် သောက်သုံးလျက်ရှိနေပါသည်။ ကိုယ်ခန္ဓာကြံ့ခိုင်ဖွံ့ဖြိုးရန်၊ အရိုးအဆစ်များသန်မာစေရန်၊ အာဟာရရရှိရန် နှင့် ဆာလောင်မှုမရှိစေရန် စသဖြင့် သောက်သုံးကြသလို နို့နှင့်ပြုလုပ်သော အစားအစာများကိုပါ ပြုလုပ်စားသောက်ကြပါသည်။ နို့ တွင် ဗီတာမင်၊ ဓာတ်ဆားမျိုးစုံ ပါဝင်ပြီး အာဟာရတန်ဖိုး ပြည့်ဝစေသော ပရိုတင်း၊ ကယ်လစီယမ်၊ ဗီတာမင်ဒီ၊ ဖော့စဖရပ်၊ ပိုတက်စီယမ် ဘီ 12 နှင့် တခြားဓာတ်များစွာ ပါဝင်ပါသည်။

နို့သောက်သုံးခြင်းကြောင့် အကျိုးကျေးဇူးများစွာ ရရှိစေပါသည်။ နို့တခွက်တွင် လူတဦးစီအတွက် တစ်နေ့တာ ကယ်လစီယမ် လိုအပ်ချက် (၂၀) ရာခိုင်နှုန်း ပါဝင်ပါသည်။

အားကစားလိုက်စားသူတစ်ဦးဖြစ်ပါက နို့သည်ပြီးပြည့်စုံသော ပရိုတင်းအရင်းအမြစ် ဖြစ်ပါသည်။ ခန္ဓာကိုယ်မှ အလွယ်တကူ မထုတ်လုပ်ပေးနိုင်သော မရှိမဖြစ် အမိုင်နိုအက်စစ် (၉) မျိုးကို နို့သောက်ခြင်းမှ ရရှိစေပါသည်။ ပရိုတင်းသည် ခန္ဓာကိုယ်ကြီးထွားမှုနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ ကောင်းမွန်စွာ တည်ရှိစေရန် ထိန်းသိမ်းပေးပါသည်။ ၄င်းပြင် လွယ်ကူစွာ ဗိုက်ဆာမှုမဖြစ်စေခြင်းကြောင့် ကိုယ်အလေးချိန်ထိန်းသိမ်းမှုကို ကောင်းစွာ ထောက်ပံ့ပေးပါသည်။

အားကစားပြုလုပ်ပြီးချိန် နို့သောက်သုံးပါက ကုန်ခမ်းသွားသော အားအင်များကို အမြန် ပြန်လည်ဖြည့်တင်းပေးပါသည်။ အသားအရည်ကို နူးညံ့စိုပြေစေပါသည်။ Vitamin Dပါဝင်မှုနှင့် ဗီတာမင် B12 ပါဝင်မှုကြောင့်လည်း သွေးနီဥများနှင့် အာရုံကြောကြွက်သားများကို သန်မာစေပါသည်။

စိတ်ဖိစီးမှုကို လျော့ချပေးပြီး အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်ရုံသာမက စွမ်းအင်ကို မြှင့်တင်ပေးနိုင်ပါသည်။ ညအိပ်ခါနီး နွားနို့ပူပူတခွက် သောက်သုံးပေးပါက နှစ်ခြိုက်စွာအိပ်ပျော်စေပါသည်။ ဝိတ်ချနေသူများ ညဘက် နွားနို့သောက်သုံးပေးပါက ဝိတ်ကျစေပါသည်။ ရင်ပူခြင်းကို သက်သာစေပြီး သွားများသန်မာမှုနှင့် ရေဓာတ်ဖြည့်တင်းမှုတို့ကိုပါ ကောင်းစွာ အထောက်အကူပြုပေးပါသည်။

နို့အမျိုးအစားများစွာကို ဈေးကွက်တွင် ရရှိနိုင်ပါသည်။ သဘာဝနွားနို့၊ အဆီထုတ်ထားသောနို့နှင့် ပြုပြင်ဖန်တီးထားသောနို့အမျိုးအစားများကို တွေ့ရှိသောက်သုံးနိုင်ပါသည်။ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများနှင့် အာဟာရတန်ဖိုးများစွာကို နို့သောက်သုံးခြင်းမှ ရရှိစေပါသည်။

လူမျိုးတမျိုးနှင့်တမျိုး နို့ကို သုံးစွဲပုံ မတူညီကြပေ။ နို့ကို ပုံစံမျိုးစုံ မိမိတို့ နှစ်သက်သလို သောက်သုံးနိုင်သလို ကွေကာအုပ်ထဲသို့ ထည့်၍၄င်း၊ အစားအစာချက်ပြုတ်ခြင်းတွင် ထည့်၍၄င်း သုံးစွဲနိုင်ကြပါသည်။ ဥပမာအနေဖြင့် အိန္ဒိယလူမျိုးများသည် နွားနို့ပူကို သောက်သုံးကြပြီး ဒိန်ချဉ်ကို တွဲဖက်အစားအစာအနေဖြင့် စားသုံးကြပါသည်။ မက္ကဆီကိုလူမျိုးများသည် ချိစ့်ကို ၄င်းတို့၏ အစားအစာတိုင်းလိုလိုတွင် ထည့်သွင်းစားသုံးကြပါသည်။ ဗီယက်နမ်လူမျိုးများသည် ကော်ဖီဖျော်ရာတွင် နို့ဆီကို အသုံးပြုပြီး အရပ်ရှည်ရန်အတွက် နို့ကို သောက်သုံးကြပါသည်။

နွားနို့ သောက်သုံးပေးခြင်းသည် လူကြီးနှင့်ကလေးများအတွက် အရိုးသန်မာစေရန် အထောက်အကူပေးပါသည်။ နို့တွင် ကြွယ်ဝစွာ ပါဝင်သော ဗီတာမင်ဒီ၊ ကယ်လစီယမ်၊ ပရောစပက် တို့သည် သန်မာ‌သောအရိုးတည်ဆောက်ရန် မရှိမဖြစ် လိုအပ်သောဓာတ်များ ဖြစ်ပါသည်။ လေ့လာဆန်းစစ်ချက်များအရ အရိုးပွရောဂါဖြစ်ပွားမှုကို လျော့ချပေးပြီး အရိုးများကို သန်မာစေပါသည်။

နို့သောက်ခြင်းကြောင့် လူ့ခန္ဓာကိုယ်အတွက် လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ်များကို ရရှိစေရုံသာမက နို့ကို အလှအပဆိုင်ရာပစ္စည်းများတွင်လည်း အသုံးပြုနိုင်ပါသည်။ မျက်ကွင်းညိုနေသူများ နို့ကို မျက်လုံးပတ်လည် အသုံးပြုပေးပါက သိသာစွာ လျေ့ာနည်းသက်သာ စေပါသည်။ မျက်ကွင်းညိုခြင်းကို သက်သာစေရုံသာမက အသားအရေစိုပြေကျန်းမာစေရန်ပါ ပြုလုပ်ပေးနိုင်ပါသည်။

ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များမှ နို့သောက်သုံးခြင်းကြောင့် အရေးအကြောင်းဖြစ်ပေါ်လာမှု နှင့် အသားအရေခြောက်သွေ့မှုကို ကာကွယ်ပေးနိုင်ကြောင်း အကြံပြုထားပါသည်။ နို့ပါဝင်သော မျက်နှာသစ်ဆပ်ပြာ၊ Toner၊ Mask တို့ကို သုံးစွဲပေးခြင်းဖြင့်လည်း အကျိုးကျေးဇူးများစွာ ရရှိစေပါသည်။

နို့တွင် များပြားလာသော Fatty Acids များ ပါဝင်ပြီး ကျန်းမာရေးကို များစွာ အထောက်အကူဖြစ်စေပါသည်။ ဆီးချိုရောဂါနှင့် နှလုံးရောဂါတို့ ဖြစ်ပေါ်နိုင်မှုကို လျှော့ချပေးနိုင်ကြောင်း တွေ့ရှိရပါသည်။

နို့သည် စိတ်လန်းဆန်းမှုကိုလည်း အထောက်အကူပြုပေးပါသည်။

နို့သောက်သုံးခြင်းကြောင့် အစားအစာစားသုံးမှုကို လျော့ချပေးနိုင်ပြီး ကယ်လိုရီကို ထိန်းညှိပေးနိုင်ပါသည်။ အာဟာရပညာရှင်များမှ နေ့စဉ် နို့သောက်သုံးပေးပြီး နို့ထွက်ပစ္စည်းများဖြစ်သော ဒိန်ချဉ်၊ ချိစ့်တို့ကို စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်အလေးချိန် ထိန်းသိမ်းခြင်းကို လုပ်ဆောင်နိုင်ကြောင်း အကြံပြုထားပါသည်။ ‌

အဆီမပါဝင်သော နို့သောက်သုံးခြင်းသည် ရေသောက်သုံးခြင်းထက် လူ့ခန္ဓာကိုယ်မှ ကယ်လိုရီနှင့် အဆီကို ချေဖျက်ပေးနိုင်ခြင်းကို ပိုမိုအထောက်အကူပြုပါသည်။ နို့သောက်သုံးခြင်းသည် လူသားတို့၏ခုခံအားစနစ်ကို ကူညီထောက်ပံ့ပေးပါသည်။ ဆရာဝန်များမှ ရာသီတုပ်ကွေး၊ အအေးမိရောဂါနှင့် တခြား အသက်ရှူလမ်းကြောင်းကူးစက်ရောဂါများမှ ကာကွယ်ပေးရန် နို့သောက်သုံးသင့်ကြောင်း အကြံပြုထားပါသည်။

နိဂုံးချုပ်အားဖြင့်ဆိုသော နို့သည် အရိုး၊ ကြွက်သား၊ အသားအရေ၊ နှလုံး၊ ဦးနှောက်၊ ကိုယ်ခံအားစနစ်နှင့် သွားကျန်းမာရေးကို အထောက်အကူပြုပါသည်။ စိတ်လန်းဆန်းစေမှု၊ နှစ်ခြိုက်စွာ အိပ်ပျော်မှုနှင့် ကိုယ်အလေးချိန်ဝိတ်လျော့မှုတို့ကိုပါ ကူညီထောက်ပံ့ပေးပါသည်။

နေ့စဉ်ပုံမှန်စားသုံးမှုမှ လိုအပ်သော ပရိုတင်း၊ ကယ်လစီယမ်၊ ဗီတာမင်ဒီ နှင့် တခြားအာဟာရဓာတ်များကိုပါ နို့သောက်သုံးခြင်းမှ ဖြည့်ဆည်းပေးပါသည်။

နို့ကို နေ့စဉ် ပုံမှန်သောက်သုံးခြင်းကြောင့် မရေမတွက်နိုင်သော အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်ပါသည်၊ အရည်အသွေးပြည့်ဝပြီး သန့်ရှင်းသောအာဟာရတန်ဖိုးပြည့် ပါဝင်သောနို့ကို ခေတ်မီဆန်းသစ်သော ထုပ်ပိုးမှုများဖြင့် ထုတ်လုပ်ရောင်းချလိုသူများအတွက် ကျွန်ုပ်တို့ Super Seven Stars Industrial Development Co., Ltd မှ လိုအပ်သောကူညီထောက်ပံ့မှုများနှင့် နည်းပညာမြှင့် စက်ယန္တရားများဖြင့် အကောင်းမွန်ဆုံး ဝန်ဆောင်မှုပေးခြင်းတို့ကို ဆောင်ရွက်ပေးမည် ဖြစ်ပါသောကြောင့် Super Seven Stars Industrial Development ကုမ္ပဏီ၏ Hotline နံပါတ် 09-940844255 (သို့) e-mail address ဖြစ်သည့် info@sssindustrialdevelopment.com သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

Leave a comment