ကျန်းမာသော လူနေမှုဘဝနှင့် တိုင်းရင်းဆေးဝါးများ၏ အခန်းကဏ္ဍ

ရှေးယခင်က လူသားတို့သည် ကျန်းမာရေး စောင့်ရှောက်မှုအတွက် မိရိုးဖလာ အစဉ်အဆက် သုံးစွဲခဲ့ကြသည့် မြန်မာ့တိုင်းရင်းဆေးဝါးများကိုသာ အားကိုးအားထားပြုခဲ့ရပြီး သုတေသန တွေ့ရှိမှုများအရ မြန်မာနိုင်ငံ၏ လူဦးရေ အနည်းဆုံး ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းခန့်သည် ကျန်းမာရေးအတွက် မြန်မာ့တိုင်းရင်းဆေးဝါးများကို သုံးစွဲနေကြကြောင်း တွေ့ရှိရပါသည်။

မြန်မာ့တိုင်းရင်းဆေးဝါးများသည် သဘာဝတောတောင်များမှ ရှာဖွေရရှိသော ဆေးဖက်ဝင် သစ်ရွက်၊ သစ်မြစ်၊ သစ်ဥ၊ သစ်ဖုများကို အသုံးပြု၍ မြန်မာ့ရိုးရာနည်းဖြင့် ဖော်စပ်ထားသောကြောင့် တိုင်းရင်းဆေးဝါးများကို အဓိထား သုံးစွဲသူများမှာ သက်ကြီးရွယ်အို လူကြီးများနှင့် ကျေးလက်နေ ပြည်သူများဖြစ်ပြီး အနောက်တိုင်းဆေးပညာနှင့် ဆေးဝါးများ ကျယ်ပြန့်လာသည့်တိုင်အောင် တိုင်းရင်းဆေးဝါးများကို ယုံကြည်စွာဖြင့် ဆက်လက်သုံးစွဲနေကြမြဲ ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ မြန်မာ့တိုင်းရင်းဆေးဝါး ထုတ်လုပ်ခြင်းသည် မြန်မာတို့၏ အဖိုးတန် အမျိုးသားယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်ပြီး လူသားတို့အတွက် အခြေခံကျန်းမာရေး စောင့်ရှောက်မှုပေးသော နေရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ လက်ရှိ ပြည်တွင်းဆေးဝါး ဈေးကွက်တွင် တိုင်းရင်းဆေးဝါးများသည် ဈေးကွက်၏ ၅၀ ရာခိုင်နှုန်းအထိ နေရာယူထားပြီ ဖြစ်ပြီး ဆေးအရောင်းဆိုင်များတွင် မြန်မာတိုင်းရင်းဆေးဝါးများနှင့် အနောက်တိုင်းဆေးဝါးများကို တန်းတူထားရှိ ရောင်းချနေသည်ကို ကြည့်ခြင်းအားဖြင့်လည်း မြန်မာ့တိုင်းရင်းဆေးဝါးများသည် ဈေးကွက်တွင် နေရာအခိုင်အမာ ရရှိနေပြီဖြစ်ကြောင်းကို သိရှိနိုင်ပါသည်။

ထို့ကြောင့် ယခုအခါ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများသည် ဈေးကွက်လိုအပ်ချက်နှင့်အညီ မြန်မာ့တိုင်းရင်းဆေးစွမ်းကောင်းများကို ပိုမိုထုတ်လုပ်နိုင်ရန်နှင့် နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ရန်အတွက် တိုင်းရင်းဆေးဝါးထုတ်လုပ်ရာတွင် ခေတ်မီနည်းပညာနှင့် စက်ယန္တရားများကို အသုံးပြု၍ အဆင့်မြှင့်တင်ထုတ်လုပ်မှုများ ပြုလုပ်လာကြပြီ ဖြစ်ပါသည်။

ဥပမာအားဖြင့် လေ့လာကြည့်မည်ဆိုပါက ရှေးယခင်က တိုင်းရင်းဆေးဝါးများ ထုတ်လုပ်ရာတွင် ပါဝင်ပစ္စည်းများဖြစ်သည့် ပရဆေးပင်များကို သဘာဝတောတောင်များတွင် ရှာဖွေပြီး သန့်စင်အခြောက်ခံခြင်းမှစ၍ ဆေးမှုန့်များ ရရှိစေရန်အတွက် ဆေးထောင်းဆုံဖြင့် ဆေးထောင်းခြင်း၊ ဆေးလုံး၊ ဆေးပြားများကို လက်ဖြင့် ပုံဖော်ခြင်းနှင့် ဆေးထုပ်ပိုးခြင်းများကို တစ်နိုင်တပိုင် ကိုယ်တိုင်ပြုလုပ်၍ တိုင်းရင်းဆေးများ ဖော်စပ်ထုတ်လုပ်ခဲ့ကြသည်ကို တွေ့ရှိရပါသည်။

ထိုမှတဆင့် ခေတ်ကာလ ပြောင်းလဲလာသည်နှင့်အမျှ တိုင်းရင်းဆေးဝါး ထုတ်လုပ်မှုပုံစံများသည် အဆင့်ဆင့် ပြောင်းလဲလာခဲ့ပြီး ယခုအခါ တိုင်းရင်းဆေးဝါး ထုတ်လုပ်သူများသည် ပရဆေးပင်များ မျိုးတုံး မပျောက်ကွယ်စေရေးအတွက် ပရဆေးဥယျာဥ်များ ထူထောင်ပြီး သဘာဝ ပတ်ဝန်းကျင်နှင့်အညီ စိုက်ပျိုးထုတ်လုပ်လာကြပြီ ဖြစ်ပါသည်။ ထို့နောက် ရရှိလာသော ပရဆေးကုန်ကြမ်းများကို ဆေးဖက်ဝင်မှု အရည်အသွေး ပြည့်မီစေရန် ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းများ ပြုလုပ်ပြီး နိုင်ငံတကာအဆင့်မီ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် တိုင်းရင်းဆေးဝါးများ ထုတ်လုပ်နိုင်ရန်အတွက် ဆေးဝါးထုတ်လုပ်ရာတွင် အဆင့်မြင့် နည်းပညာများကို အသုံးပြု၍ ခေတ်မီစက်ကြီးများဖြင့် သန့်စင်အခြောက်ခံခြင်း၊ အမှုန့်ကြိတ်ခြင်း၊ ဆေးလုံး၊ ဆေးပြားများ ပုံဖော်ခြင်း၊ ထုတ်ပိုးခြင်းများ ပြုလုပ်ကာ အဆင့်မြင့်မြင့် ထုတ်လုပ်လာကြသည်ကို တွေ့ရှိရပါသည်။

ထိုသို့ အဆင့်မြင့်နည်းပညာနှင့် ခေတ်မီ စက်ယန္တရားများကို အသုံးပြု၍ တိုင်းရင်းဆေးဝါး ထုတ်လုပ်ခြင်းသည် ဆေးဝါးများ၏ အရည်အသွေး၊ အာနိသင်ကို ပိုမိုကောင်းမွန်စေပြီး ခေတ်မီထုပ်ပိုးမှု ပုံစံများက အစိုဓာတ်နှင့် ထိတွေ့မှုကြောင့် ဆေးဝါးများ ပျက်စီးခြင်းကို ကာကွယ်ပေးပြီး ကြာရှည်စွာ သိုလှောင်ထိန်းသိမ်းထားနိုင်စေပါသည်။

ဤကဲ့သို့ နိုင်ငံတကာ စံချိန်စံညွှန်းများကို လိုက်နာကျင့်သုံးပြီး တိုးတက်ပြောင်းလဲလာသော တိုင်းရင်းဆေးဝါး ထုတ်လုပ်ခြင်း လုပ်ငန်းများကြောင့် မြန်မာ့တိုင်းရင်းဆေးဝါးများကို ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်စေပြီး နိုင်ငံ၏ စီးပွားရေးကို မြှင့်တင်နိုင်ဦးမည် ဖြစ်ပါသည်။

ထို့ကြောင့် မြန်မာ့တိုင်းရင်းဆေးဝါး ထုတ်လုပ်ဖြန့်ချိခြင်းကို စိတ်ပါဝင်စားပြီး အရည်အသွေးပြည့်မီသည့် တိုင်းရင်းဆေးစွမ်းကောင်းများ ထုတ်လုပ်လိုသော လုပ်ငန်းရှင်ကြီးများအတွက် Super Seven Stars Industrial Development ကုမ္ပဏီမှ အရည်အသွေးမြင့် ခေတ်မီစက်ယန္တရားများနှင့် လိုအပ်သော နည်းပညာ ကူညီထောက်ပံ့မှုများကို အကောင်းမွန်ဆုံး ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ပါသောကြောင့် Super Seven Stars Industrial Development ကုမ္ပဏီ၏ Hotline နံပါတ် 09-940844255 (သို့) e-mail address ဖြစ်သည့် info@sssindustrialdevelopment.com သို့ တိုက်ရိုက် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။.

Leave a comment