တန်ဖိုးမြှင့်ထုတ်ကုန်ကဏ္ဍတွင် ပါဝင်နေသော လူကြိုက်အများဆုံး လက်ဖက်အကြောင်း တစေ့တစောင်း

လက်ဖက်သည်ကမ္ဘာပေါ်တွင် ရှေးအကျဆုံး သောက်စရာတမျိုးအဖြစ်ရှိနေပါသည်၊၊ ယနေ့ခေတ်တွင်လည်း လက်ဖက်သည် လူတိုင်းကြိုက်နှစ်သက်သော သောက်စရာတမျိုးအဖြစ်ရှိနေပြီး ရေဓာတ်ဖြည့်ပေးခြင်း၊ ပူနွေးမှုပေးခြင်းနှင့် အရသာအမျိုးမျိုးကို ပျော်ရွှင်စွာခံစားနိုင်ခြင်းတို့ကို ပေးစွမ်းနိုင်ပါသည်၊၊

လက်ဖက်မှ အဓိကထားထုတ်လုပ်ထားသော အပူ၊ အအေး သောက်စရာမျိုးစုံကို အနံ့ အရသာအမျိုးမျိုးဖြင့် ရွေးချယ်သောက်သုံးနိုင်ပါသည်၊၊ လက်ဖက်စတင်ပေါ်ပေါက်လာသော သမိုင်းကြောင်းကို လေ့လာကြည့်မည်ဆိုပါက တရုတ်ပြည်မကြီးမှ စတင်ခဲ့ကြောင်းသိရှိရပါသည်၊၊ တရုတ်ဧကရာဇ်ဘုရင်ကြီး Shen Nong လက်ထက် ဘီစီ၂၃၇၃ တွင် လက်ဖက်ကို စတင်တွေ့ရှိခဲ့ပြီး ထူးခြားကောင်းမွန်သော အနံ့အရသာတို့ကြောင့် ယနေ့ထက်တိုင် လူကြိုက်များ စားသုံးနေကြပါသည်၊၊ လက်ဖက်ကို အစိမ်း‌ရောင် အပင်မှရရှိပြီး တရုတ်ပြည်ယူနန်ဒေသ၊ အိန္ဒိယ နာဂလွင်ပြင်ဒေသနှင့် မြန်မာ၊ ထိုင်း၊ လာအိုနှင့် ဗီယက်နမ်ရှိတောင်တန်းဒေသများတွင် ရရှိနေပါသည်၊၊

ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင်လည်း လက်ဖက်ကို ရှေးနှစ်ပေါင်းများစွာကပင် ယဉ်ကျေးမှုပွဲလမ်းသဘင်များ တွင်လည်းကောင်း၊ နေ့စဉ်အစားအစာများတွင်လည်းကောင်း မပါမဖြစ် မြတ်နိုးတန်ဖိုးထားရသော အစားအစာ အဖြစ် စားသုံးခဲ့ကြပါသည်။ မြန်မာနိုင်ငံတွင် လက်ဖက်ကိုသောက်သုံးရန် လက်ဖက်ခြောက် (အချိုနှင့်အခါး) အပြင် လက်ဖက်အစိုကိုအမျိုးမျိုးပြုပြင်ဖန်တီးကာ မြန်မာ့လက်ဖက်သုပ်အဖြစ် စားသုံးကြပါသည်။ လက်ဖက်ပွဲသည် မြန်မာတို့အတွက် အရေးအကြီးသောအခမ်းအနားများတွင် အရေးပါသော အစားအသောက်အဖြစ် တည်ခင်းဧည့်ခံကြပါသည်၊၊

The tea plant, a perennial green plant, is botanically known as Camellia sinensis (Chinese) and Camellia assamica လက်ဖက်ပင်၏ မူရင်းဒေသမှာ တရုတ်နိုင်ငံဖြစ်ပြီး တစ်နှစ်ပတ်လုံးစိမ်းလန်းသောအပင် ဖြစ်သည်။ လက်ဖက်၏ အင်္ဂလိပ်အမည်မှာ Tea ဖြစ်ပြီး ရုက္ခဗေဒ နာမည်အနေဖြင့် လက်ဖက်ကို တရုတ်မျိုး(Camellia sinensis )နှင့် အာသံမျိုး(Camellia assamica)ဟူ၍ ခေါ်ကြသည်၊၊ ကမ္ဘာပေါ်တွင် လက်ဖက်အမျိုးအစား ထောင်ပေါင်းများစွာ ရှိသော်လည်း အဓိကကျသော အမျိုးအစားမှာ (၆) မျိုးဖြစ်ပါသည်၊၊ လက်ဖက်ခြောက်၊ Green tea၊ အူလောင်းလက်ဖက် (Oolong Tea) ၊ လက်ဖက်ဖြူ (White Tea) ၊ Pu'er tea နှင့် အဝါ‌ရောင် လက်ဖက်တို့ဖြစ်ပါသည်၊၊ ကော်ဖီသောက်သုံးမှုမှ လက်ဖက်ရည်ပြောင်းလဲသောက်သုံးလာမှုမှာ ကွဲပြားသောအရသာများကို ရွေးချယ်သောက်သုံးနိုင်ခြင်းကြောင့်ဖြစ်ပါသည်။

လက်ဖက်ရည်သောက်သုံးခြင်းကြောင့် ရေငတ်ပြေစေရုံသာမက ရေဓာတ်ကိုဖြည့်ပေးနိုင်ပါသည်၊၊ ရေအစားထိုးသောက်သုံးနိုင်သည့်အပြင် ကျန်းမာရေးအထောက်အကူပြုစေရန် လိုအပ်သော အာဟာရဓာတ်နှင့်ဓါတ်ဆား တို့ကိုပါရရှိစေနိုင်ပါသည်၊၊ လက်ဖက်ရည် တမျိုးတည်းသောက်သုံးခြင်းသည် ကျန်းမာရေးအတွက် ကုသပေးနိုင်သောဆေးမဟုတ်သော်လည်း ကျန်းမာရေးနှင့်ကိုက်ညီသော diet လုပ်ရန်အတွက်များစွာအထောက်အကူပြုကြောင်းတွေ့ရှိရပါသည်၊၊ လေ့လာဆန်းစစ်မှုများအရ လက်ဖက်သည်ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးခြင်း၊ ရောင်ရမ်းခြင်း၊ ကင်ဆာနှင့်နှလုံးရောဂါဖြစ်ပေါ်ခြင်းတို့မှလည်း ကာကွယ်ပေးနိုင်ပါသည်၊၊ ကျန်းမာရေးလိုက်စားသူများအနေဖြင့် လက်ဖက်ရည်ကို မနက်တခါ၊ ညတခါ တနေ့ ( ၂ ) ခွက်သောက်သုံးပေးခြင်းဖြင့် လက်ဖက်ရည်မှရရှိသော အကျိုးကျေးဇူးများကို အကောင်းဆုံးခံစားရရှိနိုင်မည်ဖြစ်ပါသည်။

လက်ဖက်လုပ်ငန်းကို စိတ်ဝင်စားသော လုပ်ငန်းရှင်များအတွက် လိုအပ်သောအကူညီထောက်ပံ့မှုများနှင့် အရည်အသွေးမြင့် စက်ယန္တရားများကို အကောင်းမွန်ဆုံး ဝန်ဆောင်မှုများပေးခြင်းတို့ကို ဆောင်ရွက်ပေးမည် ဖြစ်သောကြောင့် Super Seven Stars Industrial Development ကုမ္ပဏီ၏ Hotline နံပါတ် 09-940844255 (သို့) e-mail address ဖြစ်သည့် info@sssindustrialdevelopment.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Leave a comment