MSME ထုတ်ကုန်ပြပွဲ နှင့် ဈေးရောင်း ပွဲတော် အခမ်းအနား
ရက်စွဲ။ ။ 1, မေ 2024 - 5, မေ 2024
နေရာ။ ။ နေပြည်တော်

နေပြည်တော်ကောင်စီ တိုင်းဒေသကြီး ဒက္ခိဏသီရိမြို့နယ် ဒက္ခိဏသီရိဈေး အတွင်း၌ အပြည်အပြည်ဆိုင်အလုပ်သမားနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသည့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်
၂၀၂၄ ခုနှစ် မေလ ၁ ရက် မှ ၅ ရက်အထိ နေပြည်တော်ကောင်စီ တိုင်းဒေသကြီး ဒက္ခိဏသီရိမြို့နယ် ဒက္ခိဏသီရိဈေးအတွင်း၌ အပြည်အပြည်ဆိုင်အလုပ်သမားနေ့အထိမ်းအမှတ်အဖြစ်ကျင်းပသည့် MSME ထုတ်ကုန်ပြပွဲနှင့်ဈေးရောင်းပွဲတော်တွင် Super Seven Stars Industrial Development Company Limitedမှ ပါဝင်ရောင်းချပြသခဲ့ပါသည်။ မြန်မာနိုင်ငံဒေသတွင်းရှိ အသေးစား၊ အလတ်စား(MSME) ထုတ်ကုန်မျိုးစုံကိုလည်း ခင်းကျင်းပြသခဲ့ပါသည်။
ထိုပြပွဲသည် ဒေသတွင်း စီးပွားရေး လုပ်ငန်းမျိုးစုံကို ပံ့ပိုးကူညီရန်၊ စီးပွားရေးတိုးတက်မှုကို မြှင့်တင်ရန်၊ တီထွင်သူများ၏ ကြိုးစားအားထုတ်မှုကို ဂုဏ်ပြုရန်နှင့် ဆန်းသစ်သော ထုတ်ကုန်များကို ပြသရန် အကောင်းဆုံးပြပွဲ တစ်ခုလဲ ဖြစ်ခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် ယခုလို အခမ်းအနားတွင် ပါဝင် ခင်းကျင်း ပြသခွင့်ရတဲ့ အတွက် အထူးပင် ကျေးဇူးတင်ရှိကြောင်း ပြောကြားရင်း နောက်ထပ် ဘယ်လိုပွဲမျိုးတွေမှာ ကျွန်တော်တို့ Super Seven Stars Industrial Development Company Limited မှ ဘယ်လို နည်းပညာမြင့်စက်ပစ္စည်းများကို ခင်းကျင်း ပြသပေးသွားမလဲဆိုတာကို စောင့်မျှော် ပေးကြပါဦးခင်ဗျာ။