(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနား
ရက်စွဲ။ ။ 10, ဖေဖော်ဝါရီ 2024 - 14, ဖေဖော်ဝါရီ 2024
နေရာ။ ။ နေပြည်တော်


နေပြည်တော် ဥပ္ပါသန္တိစေတီတော် တပေါင်းဘုရားကွင်း၌ ကျင်းပသည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အခမ်းအနား
၂၀၂၄ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ နေပြည်တော် ဥပ္ပါသန္တိစေတီတော် တပေါင်းဘုရားကွင်း၌ ကျင်းပသည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အခမ်းအနားကို Super Seven Stars Industrial Development Company Limitedမှ ဂုဏ်ယူစွာဖြင့်ပါဝင်ပြသခဲ့ပါတယ်။
အဆိုပါအခမ်းအနားတွင် နေပြည်တော်ကောင်စီ တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့ရှိ MSME (အသေးစား၊ အလတ်စား လုပ်ငန်း) ထုတ်ကုန်ပစ္စည်းများကို ခင်းကျင်းပြသရောင်းချပေးခဲ့ပါတယ်။
ထိုပြပွဲတွင် အဓိကပံ့ပိုးကူညီသူအနေဖြင့် မြန်မာနိုင်ငံ MSME ကဏ္ဍ၏ ဆန်းသစ်တီထွင်မှုများကိုဖော်ပြခဲ့ပြီး ပြည်တွင်းထုတ်လက်မှုပစ္စည်းမျိုးစုံကိုလည်းပြသခဲ့ပါသည်။မြန်မာနိုင်ငံတွင် MSME လုပ်ငန်းများ အားကောင်းလာစေရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသောစက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ပေးနိုင်ရန်အတွက် ကျွန်တော်တို့Super Seven Stars Industrial Development Company Limitedမှအစဉ်အမြဲကြိုးစားလျက်ရှိပါတယ်။