(၇၈)ကြိမ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ
ရက်စွဲ။ ။ 10, ဖေဖော်ဝါရီ 2025 - 14, ဖေဖော်ဝါရီ 2025
နေရာ။ ။ နေပြည်တော်


နေပြည်တော်ရှိ ဥပ္ပါသန္တိစေတီတော် တပေါင်းကွင်းအတွင်း၌ကျင်းပသည့် (၇၈)ကြိမ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် နေပြည်တော်ကောင်စီ တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ
၂၀၂၅ခုနှစ် ဖေဖော်ဝါရီ၁၀ရက် မှ ၁၄ရက်အထိ နေပြည်တော်ရှိ ဥပ္ပါသန္တိစေတီတော် တပေါင်းကွင်းအတွင်း၌ကျင်းပသည့် (၇၈)ကြိမ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် နေပြည်တော်ကောင်စီ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲတွင် Super Seven Star Industrial Development Company Limitedမှ ဂုဏ်ယူစွာဖြင့်ဝင်ရောက် ပြသခဲ့ပါသည်။ ဒေသတွင်းရှိ( MSME )အသေးစား၊ အလတ်စား လုပ်ငန်းများအတွက် ဆန်းသစ်တီထွင် ဖန်တီးမှုများကိုလည်း ပြသခဲ့ပါတယ်။
ပြည်တွင်း စီးပွားရေးလုပ်ငန်းများကို အဓိက ပံ့ပိုးကူညီသူအနေဖြင့် မြန်မာနိုင်ငံ MSME ကဏ္ဍ၏ စီးပွားရေးအလားအလာကို ဦးဆောင်လမ်းပြကာ အရည်အသွေးမြင့်ပြည်တွင်း ထုတ်ကုန်မျိုးစုံကို ပြသခဲ့ပြီး အဆိုပါပြပွဲသည် စီးပွားရေး တိုးတက်မှုကို မြှင့်တင်ရန်အတွက် အကောင်းဆုံးပြပွဲ အခမ်းအနားတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။
ဤအထိမ်းအမှတ်ပွဲကြီးတွင် ကျွန်တော်တို့Super Seven Stars Industrial Development Company Limited အနေဖြင့် တစ်စိတ်တစ်ပိုင်း ပါဝင်ပြသခဲ့နိုင်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပြီး MSME လုပ်ငန်းများ အားကောင်းလာစေရန်နှင့် နိုင်ငံတော်၏ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ကူညီရန် အဆင်အမြဲအသင့်ရှိနေပါကြောင်း ပြောကြားလိုပါတယ်ခင်ဗျာ။