စွမ်းအင်အစားထိုးလောင်စာ နှင့် လူသားတို့၏ အနာဂတ်

ကမ္ဘာပေါ်ရှိ လူသားတို့ရှင်သန်နေထိုင်‌ရေးအတွက် အရေးကြီးဆုံးအရာတစ်ခုမှာ စွမ်းအင်ဖြစ်သည်၊၊ ပြောင်းလဲတိုးတတ်လာသည့် ယနေ့ခေတ်တွင် စက်မှုလုပ်ငန်းများနှင့်လူဦးရေ အဆမတန် တိုးပွားလာသည်နှင့်အမျှ စွမ်းအင်လိုအပ်ချက်သည်လည်း ပိုမိုများပြားလာသည်။ လွန်ခဲ့သော အတိတ်နေ့ရက်များမှစတင်ကာ ယနေ့ခေတ်အထိတိုင်အောင် စွမ်းအင်အရင်းအမြစ်များကို စူးစမ်းလေ့လာရှာဖွေခဲ့ရာ နေ၊ ရေ၊ လေ၊ ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့ ၊ အဏုမြူ အစရှိသည့် စွမ်းအင်များကို ထုတ်သုံးစွဲလာနိုင်ခဲ့ကြသည်၊၊ ထိုစွမ်းအင်အရင်းအမြစ်အမျိုးမျိုးကို ရှာဖွေနိုင်ကြသော်လည်း သုံးစွဲမှုများလာခြင်းကြောင့် စွမ်းအင်လိုအပ်ချက်များကရှိနေမြဲဖြစ်ပါသည်။ ထို့ကြောင့် ဖွံဖြိုးပြီးနိုင်ငံကြီးများသည် စွမ်းအင်အရင်းအမြစ် စဉ်ဆက်မပြတ်တိုးတက်ရေးအတွက် စွမ်းအင်အစားထိုးလောင်စာ သုံးစွဲမှုများကို ပိုမိုလုပ်ဆောင်လာကြသည်။

စွမ်းအင်အစားထိုးလောင်စာ ဆိုသည်မှာ စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ကုန်များ၊ အိမ်သုံးနှင့် စက်မှုလုပ်ငန်းများမှ စွန့်ပစ်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများမှ အကြွင်းအကျန်များနှင့် အော်ဂဲနစ်စွန့်ပစ်ပစ္စည်းများကဲ့သို့သော သဘာဝပစ္စည်းများမှရရှိသော စွမ်းအင်ကို ရည်ညွှန်းသည်။ ကောက်ရိုး၊ လွှစာ၊ မြေဩဇာ၊ အမှိုက်များ၊ အစားအသောက် အကြွင်းအကျန်များ၊ မွေးမြူရေးနှင့် တိရစ္ဆာန်စွန့်ထုတ်ပစ္စည်းများသည် စွမ်းအင်အစားထိုးလောင်စာ ထုတ်လုပ်ရာတွင် အသုံးဝင်သည်။စွမ်းအင်အစားထိုးလောင်စာများကို အပူအတွက် တိုက်ရိုက်လောင်ကျွမ်းနိုင်သည် (သို့မဟုတ်) လုပ်ငန်းစဉ်အမျိုးမျိုးဖြင့် အရည်နှင့် ဓာတ်ငွေ့လောင်စာများအဖြစ် ပြောင်းလဲနိုင်သည်။

သဘာဝအရင်းအမြစ် ပစ္စည်းများပေါကြွယ်ဝသော မြန်မာနိုင်ငံသည်လည်း စွမ်းအင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများကို လျှော့ချပေးကာ ရေရှည်တည်တံ့သော စွမ်းအင်ဆိုင်ရာ ဖြေရှင်းချက်များကို ပိုမိုရှာဖွေလျက်ရှိသည်။ လယ်ယာမြေများနှင့် သစ်တောသယံဇာတများ ပေါများသည့် နိုင်ငံဖြစ်သော်လည်း စွမ်းအင်အစားထိုးလောင်စာများ အသုံးချမှုမှာ တစ်ခြားနိုင်ငံများကဲ့သို့ ထိရောက်မှုမရှိသေးပေ။ ယခုမျက်မှောက် ကာလတွင်မှု စွမ်းအင်ရရှိရေး စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်၊ စီးပွားရေးတိုးတက်မှုကို မြှင့်တင်ရန်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများကို လျော့ပါးသက်သာစေရန် စွမ်းအင်အစားထိုးလောင်စာ သုံးစွဲမှုများကို လက်တွေ့လုပ်ဆောင်လာကြသည်။

ကျွန်ုပ်တို့ Super Seven Stars Industrial Development သည်လည်း ထိုသို့ လုပ်ဆောင်မှုများထဲတွင် စက်ရုံအလုပ်ရုံများမှ ထွက်ရှိသော စွန့်ပစ်ပစ္စည်းများ၊ သစ်ရွက်ခြောက်၊ လွှစာမှုန့်၊ စပါးခွံ၊ ကောက်ရိုးစသည့်ပစ္စည်းများ ဖြင့်ပြုလုပ်ထားသော Wood Pellets(စွမ်းအင်အစားထိုးလောင်စာတောင့်) များထုတ်လုပ်မှုသည် အရေးပါဆုံးအခန်းကဏ္ဍတစ်ခုဖြစ်သည်။

စွမ်းအင်အစားထိုးလောင်စာတောင့်များကို အစားသောက်များ ချက်ပြုတ်ရန် လူနေအိမ်များတွင်လည်းကောင်း၊ စက်မှုလုပ်ငန်းများတွင် ကျောက်မီးသွေး (သို့မဟုတ်) ရုပ်ကြွင်းလောင်စာများကိုအစားထိုးရန်လည်ကောင်း၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ အခြားသောစက်ရုံအလုပ်ရုံများအတွက်လည်းကောင်း တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်သည်၊၊ ထင်း၊ မီးသွေးစသည့် အခြားသောလောင်စာများထက် မီးပြင်းအားပိုများပြီး အချိန်ကြာမြင့်စွာ အသုံးပြုနိုင်ခြင်း၊ ဆာလဖာဒိုင်အောက်ဆိုဒ်(Sulfur dioxide) နှင့် (Phosphorus pentoxide) မီးစုန်းဓာတ်များမထုတ်လွှတ်သောကြောင့် လေထုညစ်ညမ်းမှုနှင့် ပတ်၀န်းကျင်ညစ်ညမ်းမှုများ မဖြစ်ပေါ်နိုင်ခြင်း၊ အပူပေးခြင်း သို့မဟုတ် ဓာတ်အားထုတ်လုပ်ခြင်းအတွက် အသုံးပြုသည့်အခါ ထိရောက်သောလောင်ကျွမ်းမှုနှင့် မြင့်မားသောအပူထိရောက်မှုတို့ကို ဖြစ်ပေါ်စေပြီးအချိန်တိုအတွင်း စွမ်းအင်သုံးစွဲမှုကိုထိ‌ရောက်စွာအသုံးပြုနိုင်ကာ လောင်စာကုန်ကျစရိတ်ကို လျော့ကျစေခြင်း၊ မီးခိုမှိုင်းထွက်မှုလျော့နည်းခြင်း၊ ညှော်နံ့ထွက်မှုလျော့နည်းခြင်း စသောအားသာချက်များစွာလည်းရှိပါသည်။

Wood Pellets(စွမ်းအင်အစားထိုးလောင်စာတောင့်) ကို ထုတ်လုပ်ရာတွင် ပရိဘောဂလုပ်ငန်းများ ၊ သစ်စက်လုပ်ငန်းများ အစရှိသည်တို့မှ အကြွင်းအကျန်ကုန်ကြမ်းများကို စုဆောင်းခြင်း ၊ ကြိတ်ခွဲခြင်း ၊ ပုံသွင်းခြင်း ၊ အအေးခံခြင်း၊ စစ်ဆေးခြင်းနှင့် ထုပ်ပိုးခြင်း စသည့်လွယ်ကူ ရိုးရှင်းသော လုပ်ငန်းစဥ်များ ပါဝင်ပါသည်။

ရာသီဥတုပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများကို လျော့ပါးသက်သာစေရန် အထောက်အကူပြုစေသည့် စွမ်းအင်အစားထိုးလောင်စာတောင့် များကို ကမ္ဘာ့ထိပ်သီး နိုင်ငံပေါင်း(၁၀)နိုင်ငံမှ လိုအပ်သော နည်းပညာမြင့် စက်ယန္တရားများ နှင့် အကောင်းဆုံး အကြံဉာဏ်များရယူကာ ထုတ်လုပ် ဖြန့်ဖြူးပေးသွားမှာဖြစ်သည့်အတွက် စိတ်ပါဝင်စားသည့် စီးပွားလုပ်ငန်းရှင်များအနေဖြင့် ကျွန်ုပ်တို့ရဲ့ Super Seven Stars Industrial Development ကုမ္ပဏီ၏ Hotline နံပါတ် 09-940844255 (သို့) e-mail address ဖြစ်သည့် info@sssindustrialdevelopment.com သို့ သိရှိလိုသည်များကို တိုက်ရိုက်ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။

Leave a comment