ဓလေ့ထုံးတမ်း တန်ဖိုးသတ်မှတ်မှုများနဲ့ ကော်ဖီယဉ်ကျေးမှု

ကမ္ဘာတဝှမ်းရှိ ကော်ဖီယဉ်ကျေးမှုသည် ကော်ဖီသောက်သုံးပုံ၊ ကော်ဖီဖျော်စပ်ပုံများနှင့် ကော်ဖီတည်ခင်းဧည့်ခံပုံ အနေအထားပေါ်မူတည်ပြီး ကွဲပြားခြားနားပါသည်။

ကော်ဖီယဉ်ကျေးမှုမှတဆင့် ဘဝနေထိုင်မှု၊ နှုတ်ခွန်းဆက်သမှု၊ ချစ်ခြင်းနှင့် လေးစားမှုတို့ကို ပြသရန် အကောင်းဆုံးဖြစ်ကြောင်း သိရှိနိုင်ပါသည်။

တိုင်းပြည်တပြည်ရဲ့ ယဉ်ကျေးမှုနဲ့ လူမျိုးပေါ်မူတည်ပြီး ကော်ဖီယဉ်ကျေးမှုသည် ကွဲပြားနိုင်သော်လည်း အခြေခံတူညီသော အချက်မှာ လူသားတို့ကို ပေါင်းစည်း‌ပေးခြင်းပင် ဖြစ်ပါသည်။ ကော်ဖီကိုသောက်စရာ အဖျော်ယမကာတခုအဖြစ်သာမက ကမ္ဘာတဝှမ်းရှိ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းစဉ်လာများကို ပုံဖော်ပေးသည့် ကမ္ဘာ့ဖြစ်စဉ်တခုအဖြစ်ပါ တွေ့မြင်မှတ်သားရပါသည်။

ကော်ဖီကို တည်ခင်းပေးသော ပုံစံအရသာနှင့် အမျိုးအစားများ ကွဲပြားပြီး မျိုးစုံရှိနိုင်သော်လည်း ကော်ဖီကို ထူးခြားသော စိတ်လန်းဆန်းမှုပေးစွမ်းနိုင်သည့် တစ်ခုတည်းသော သောက်စရာတမျိုးအဖြစ် လက်ခံထားကြပါသည်။

ကော်ဖီတခွက်သည် လူသားနှစ်ဦးကို အကောင်းဆုံးဆက်နွယ်ပေးနိုင်သော အရာလည်း ဖြစ်ပါသည်။ ဥပမာအနေဖြင့် သူငယ်ချင်း၊ မိတ်ဆွေတစ်ဦးဖြင့် ကော်ဖီအတူတူသောက်ခြင်းဖြင့် ပိုမိုနွေးထွေးသော ဆက်ဆံရေးနှင့်အတူ အကြောင်းအရာမျိုးစုံသော စကားဝိုင်းကို ဖန်တီးပေးနိုင်ကြောင်း သိရှိရပါသည်။

ကော်ဖီသောက်သုံးခြင်းကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးများစွာ ရှိပါသည်။ ကော်ဖီတခွက်သည် လေးလံထိုင်းမှိုင်းမှုကို အကောင်းဆုံးတွန်းလှန်နိုင်ပြီး အဆီကို ချေဖျက်ပေးပြီး ကိုယ်ခန္ဓာလှုပ်ရှားမှုကို ကောင်းမွန်စေရုံသာမက ကင်ဆာ၊ ဆီးချို၊ အယ်လ်ဇိုင်းမားရောဂါများ ဖြစ်ပွားခြင်းကို လျော့ကျစေနိုင်ပြီး အသက်ရှည်ကျန်းမာစေနိုင်ရန် အထောက်အကူပေးနိုင်ပါသည်။

တကမ္ဘာလုံးအတိုင်းအတာအနေဖြင့် နှစ်စဉ်နှစ်တိုင်း ကော်ဖီခွက်ပေါင်း ဘီလီယံ ၄၀၀ ကျော် သောက်သုံးနေကြပြီး နေ့စဉ် ကော်ဖီခွက်ပေါင်း ၂.၂၅ ဘီလီယံကျော် သောက်သုံးလျက်ရှိနေပါသည်။ ကော်ဖီသည် နေ့စဉ်လူနေမှုဘဝ၏ အရေးပါသောကဏ္ဍဖြစ်ပြီး ကော်ဖီကမ္ဘာတွင် နိုင်ငံအသီသီး၏ ကွဲပြားသော ဓလေ့ထုံးတမ်းများ ကော်ဖီနှင့် ပတ်သက်သော ထူးခြားသည့် ကော်ဖီယဉ်ကျေးမှုအကြောင်းကို ရှာဖွေလေ့လာနိုင်မှာဖြစ်ပါသည်။

အီတလီ - Expresso ကော်ဖီ၏ ယဉ်ကျေးမှု မွေးဖွားရာနေရာ

Expresso ကော်ဖီ ယဉ်ကျေးမှုသည် အီတလီမှ စတင်ပေါ်ပေါက်လာပြီး ကော်ဖီကို ခွက်ငယ်လေးတွင် ထည့်၍ တည်ခင်းခြင်းဖြစ်ပါသည်။ အီတလီရှိ ကော်ဖီဆိုင်များကို Expresso Bar (သို့မဟုတ်) ကဖေးဟူ၍ ခေါ်ဝေါ်ကြပြီး မိတ်ဆွေသူငယ်ချင်းများတွေ့ဆုံရာ အကောင်းဆုံးနေရာများအဖြစ် သတ်မှတ်ထားကြပါသည်။ Expresso ကော်ဖီကို ကော်ဖီကောင်တာတွင် အပေါင်းအသင်းမိတ်ဆွေများနှင့် မတ်တပ်ရပ်ကာ စကားပြောဆိုရင်း သောက်သုံးခြင်းဖြင့် အီတလီကော်ဖီယဉ်ကျေးမှု၏ အတွေ့အကြုံကို ရယူနိုင်ပါသည်။

အီသီယိုးပီးယား - ကော်ဖီပွဲတော် အခမ်းအနားများကျင်းပရာ နေရာ

အီသီယိုးပီးယားနိုင်ငံတွင် ကော်ဖီသည်‌ သောက်စရာအဖျော်ယမကာတခုသာမက ဧည့်ဝတ်ကျေပွန်မှု သင်္ကေတတခုအဖြစ် တွေ့မြင်ရမှာဖြစ်ပါသည်။ အီသီယိုးပီးယားနိုင်ငံရှိ ရိုးရာကော်ဖီပွဲတော်တွင် ကော်ဖီစေ့ကို လှော်၍ လက်ဖြင့်အခွံချွတ်ကာ ရရှိလာသော ကော်ဖီစေ့များကို မြေအိုးတွင်ထည့်ပြီး ကော်ဖီမှုန့်ပြုလုပ်ခြင်းကို Jebena ဟု ခေါ်ကြပါသည်။ ကော်ဖီပွဲတော်အခမ်းအနားတွင် ပါဝင်သူများသည် အတူတကွ လုပ်ဆောင်ကြရင်း သင်းပျံ့စွဲမက်ဖွယ်ကော်ဖီ၏ အနံ့ကို ပျော်ရွှင်စွာရရှိခံစားစေပါသည်။

တူရကီ - အစဉ်အလာသမိုင်းကြောင်းနှင့် ဖြစ်စဉ်

တူရကီကော်ဖီသည် အော်တိုမန် အင်ပါယာမှ စတင်ခဲ့ပြီး မှတ်သားစရာ ရှည်လျားသော သမိုင်းကြောင်း ရှိခဲ့ပါသည်။ ကော်ဖီပြုလုပ်ရာတွင် ကော်ဖီစေ့များကို အမှုန့်ဖြစ်အောင် ကြိတ်ပြီး တမူထူးခြားသော Cezve ဟုခေါ်သော အိုးထဲတွင် ရေနှင့် ဆူအောင်တည်ပေးရပါသည်။ ထို့နောက် သေးငယ်သော ကော်ဖီခွက်တွင်ထည့်၍တည်ခင်းပေးပြီး တူရကီမုန့်အချို (သို့) တခြားအချိုအရသာရှိသောမုန့်များနှင့်တွဲဖက်၍ တည်ခင်းကြပါသည်။ တူရကီ ကော်ဖီ၏ အရသာပြင်းပြင်းနှင့် ကော်ဖီခွက်တွင်ကျန်ရှိသော ကော်ဖီစေ့အမှုန့်များကို ဖတ်ရှုခြင်း အနုပညာကို tasseography ဟူ၍လည်းလူသိများထင်ရှားပါသည်။

အမေရိကန် - စပါယ်ရှယ်ကော်ဖီပေါ်ထွန်းလာမှု

မကြာသေးမှီ ဆယ်စုနှစ်များအတွင်း အမေရိကန် ပြည်ထောင်စုတွင် စပါယ်ရှယ် ကော်ဖီသောက်သုံးမှု မြင့်တတ် လာပါသည်။ ကော်ဖီယဥ်ကျေးမှုသည် ကော်ဖီစေ့၏ မူလအရင်းအမြစ်ကို တမူထူးခြားသော ကော်ဖီထုတ်လုပ်မှု နည်းပညာနှင့် Latte အနုပညာတို့ပေါင်းစပ်ပါဝင်ပါသည်။ အမေရိကန်ပြည်ထောင်စုရှိ ကော်ဖီဆိုင်များသည် ကော်ဖီအရသာမျိုးစုံကိုရောင်းချပေးပြီး Expresso အမျိုးအစား ကော်ဖီအေးအမျိုးအစား များစွာပါဝင်ပါသည်။ ယနေ့ခေတ် အမေရိကန်ကော်ဖီမြင်ကွင်းကို အရည်အသွေးရေရှည်တည်တံ့မှုနှင့်နည်းပညာ ဖန်တီးမှုတို့ဖြင့် ပုံဖော်ပေးထားပါသည်။

ဗီယက်နမ် - ကော်ဖီအရသာပြင်းသော ဗီယက်နမ်ကော်ဖီ

ဗီယက်နမ် ကော်ဖီသည် ၎င်း၏ ကော်ဖီအရသာမှာပြင်းပြီး ထူးခြားသော အရသာကြောင့် လူသိများပါသည်။ နို့ဆီထည့်ထားသောခွက်ထဲသို့ ကော်ဖီကိုတိုက်ရိုက်ထည့်ပြီး ဖျော်ပေးသော သမားရိုးကျနည်းမှာ ဗီယက်နမ်ကော်ဖီ၏ ရှေးကျသော ဖျော်စပ်ပုံဖြစ်ပါသည်။ ဗီယက်နမ်လူမျိုးများသည် လမ်းဘေးကဖေးဆိုင်များတွင် ထိုင်ပြီး မြို့ပြအလှကိုခံစားရင်း ဗီယက်နမ်ကော်ဖီကို အရသာခံသောက်သုံးသော ယဥ်ကျေးမှုတရပ် ထွန်းကားလာခဲ့ပါသည်။

 ပြင်သစ် - ဆန်းသစ်တီထွင်မှုနှင့်ကြီးမြတ်မှု

ပြင်သစ်ကော်ဖီ ယဥ်ကျေးမှုသည် နိုင်ငံသမိုင်းနှင့်အတူ တည်ရှိနေပြီး ၎င်း၏ဆန်းသစ်တီထွင်မှုနှင့် ကြီးမြတ်မှု တို့ကြောင့် လူသိများပါသည်။ ပြင်သစ်လူမျိုးများသည် ၎င်းတို့၏ကော်ဖီကို အရည်အသွေးနှင့် တီထွင်ဖန်တီးမှု ကို အလေးအနက်ထားကြပါသည်။ ပြင်သစ်တွင် လူကြိုက်အများဆုံးကော်ဖီ အမျိုးအစားမှာ Expresso ဖြစ်ပြီး Tosses ဟုလူသိများသောခွက်သေးသေးလေးတွင် တည်ခင်းပေးပါသည်။

ပြင်သစ်ကော်ဖီသည် ပြင်သစ်ယဥ်ကျေးမှုအတွက် အထင်ကရ အမှတ်တရသင်္ကေတတခုဖြစ်ပြီး ပြင်သစ်ကဖေး ဆိုင်များသည်လည်း ပြင်သစ်လူမျိုးများ လူမှုရေးအရ ဆုံဆည်းရာ စကားပြောဆိုဆွေးနွေးရာ နေရာဖြစ်ပါသည်၊၊ ကော်ဖီယဥ်ကျေးမှုသည် ကော်ဖီကို အရသာခံ သောက်သုံးပြီး အချိန်ကုန်ဆုံးစေရန် အားပေးပါသည်။ ကော်ဖီနှင့်အတူ အရသာရှိသော croissant (သို့) အခြား pastries များဖြင့်တွဲဖက်စားသုံးလေ့ရှိကြပါသည်၊၊ ပြင်သစ်ကော်ဖီ ယဥ်ကျေးမှုသည် စိတ်အပန်းဖြေခြင်းခံစားချက်ကို ပေးစွမ်းနိုင်ပြီး အရည်အသွေးကို တန်ဖိုးထားခြင်း၊ ရိုးရှင်းသော ဘဝရဲ့ပျော်ရွှင်မှုကို ခံစားစေခြင်း ရသများကို ရရှိစေနိုင်ပါသည်။

အချုပ်အားဖြင့်ဆိုသော် ကော်ဖီယဥ်ကျေးမှုသည် နိုင်ငံတခုစီ၏ တမူထူးခြားသော ဓလေ့ထုံးထမ်းများ အလေ့အထများနှင့် နိုင်ငံအလိုက် လူမျိုးများ၏ ကွဲပြားသောအရသာများကို ထင်ဟပ်ပေါ်လွင်စေပါသည်။ ကမ္ဘာတဝှမ်းရှိ ကော်ဖီယဥ်ကျေးမှုကို လေ့လာခြင်းကြောင့် ကော်ဖီနှင့်ပတ်သက်သော ကမ္ဘာကြီး၏ နေရာဒေသ အသီးသီးမှ တန်ဖိုးထားမှုကို နားလည်သဘောပေါက်စေပါသည်။

လူသားတွေရဲ့ နေ့စဉ်ဘဝရဲ့ သောက်သုံးမှုတွေတိုင်းမှာ မရှိမဖြစ်ပါဝင်နေသော ကော်ဖီ ထုတ်ပိုးမှုပုံစံအမျိုးမျိုးတို့ဖြင့် ရောင်းချရန် စိတ်ပါဝင်စားသော လုပ်ငန်းရှင်များအတွက် ကျွန်ုပ်တို့ Super Seven Stars Industrial Development Co., Ltd မှ လိုအပ်သောကူညီထောက်ပံ့မှုများနှင့် နည်းပညာမြှင့် စက်ယန္တရားများဖြင့် အကောင်းမွန်ဆုံး ဝန်ဆောင်မှုပေးခြင်းတို့ကို ဆောင်ရွက်ပေးမည် ဖြစ်ပါသောကြောင့် Super Seven Stars Industrial Development ကုမ္ပဏီ၏ Hotline နံပါတ် 09-940844255 (သို့) e-mail address ဖြစ်သည့် info@sssindustrialdevelopment.com သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

Leave a comment