တိုးတက်လာသော နည်းပညာနှင့် လူသားတို့၏ သန့်ရှင်းကျန်းမာသော လူနေမှုဘဝ
ယနေ့ခေတ်တွင် နည်းပညာများ တိုးတက်လာသည်နှင့်အမျှ လူသားတို့၏ နေ့စဉ်ဘဝကို ပြောင်းလဲမှုများစွာ ဖြစ်ပေါ်စေခဲ့ပြီး အထူးသဖြင့် လူနေမှုဘဝပုံစံကို အရှိန်အဟုန် မြှင့်တင်ပေးနိုင်ခဲ့ပါသည်။ နောက်ဆုံးပေါ် နည်းပညာများက လူသားတို့၏ ပိုမိုတိုးတက်ကောင်းမွန်သော လူနေမှုဘဝအတွက် အဓိက အခန်းကဏ္ဍများတွင် ပါဝင်လျက်ရှိပြီး သန့်ရှင်းရေး စနစ်များမှစ၍ ကျန်းမာရေး စောင့်ရှောက်မှုအထိ ဆောင်ရွက်ပေးလျက် ရှိပါသည်။
ထို့ကြောင့် လူသားတို့၏ ကောင်းမွန်သော လူနေမှုဘဝအတွက် နည်းပညာများ၏ အခန်းကဏ္ဍသည် လွန်စွာ အရေးပါလျက်ရှိပြီး လွန်ခဲ့သော ၁၉၉၀ ခုနှစ် အစောပိုင်းကာလများတွင် အစားအစာများ မသန့်ရှင်းမှုကြောင့် ကျန်းမာရေးပြဿနာများ ကြုံတွေ့ခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။ အသီးအရွက် စိုက်ခင်းများတွင်လည်း ဓာတုဆေး အသုံးပြုမှုများ မြင့်တက်လာ၍ စားဝတ်နေရေးနှင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ များပြားလာသောကြောင့် နည်းပညာရှင်များက ဟင်းသီးဟင်းရွက် သန့်စင်စက်များကို ဖန်တီးထုတ်လုပ်ခဲ့ခြင်း ဖြစ်ပါသည်။
ထိုအချိန်မှစ၍ လူသားတို့သည် သန့်ရှင်းရေးနှင့် ကျန်းမာရေးအတွက် နည်းပညာများကို စိတ်ဝင်စားလာကြပြီး ယခုအခါ အချို့သော မိသားစုများတွင် နေ့စဉ်စားသုံးနေကြသော အစားအစာများကို သန့်ရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်စေရန်အတွက် ဟင်းသီးဟင်းရွက် သန့်စင်စက်များကို အသုံးပြုလာကြပြီ ဖြစ်ပါသည်။ ထိုစက်များသည် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များရှိ သာမန်မျက်စိဖြင့် မမြင်နိုင်သော ဘက်တီးရီးယားများနှင့် ပိုးမွှားများကို ထိရောက်စွာ သန့်စင်ဖယ်ရှားပေးနိုင်ပြီး ဟင်းသီးဟင်းရွက်များတွင် ပါရှိလာနိုင်သော ဓာတုဆေး အကြွင်းအကျန်များကိုလည်း ပြောင်စင်အောင် သန့်စင်ဖယ်ရှားပေးနိုင်ပါသည်။ ထို့အပြင် အသီးအရွက်များတွင် ပါဝင်သော ဗီတာမင်နှင့် အာဟာရဓာတ်များကို မူလအတိုင်း ထိန်းသိမ်းပေးနိုင်သည့်အတွက် မိသားစုများ၏ ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်စေပါသည်။
ဟင်းသီးဟင်းရွက် သန့်စင်စက်များသည် Ozone Technology, Ultrasonic Waves နှင့် Ionization Process စသည့် နည်းပညာများဖြင့် စမ်းသပ်ထုတ်လုပ်ထားသောကြောင့် စက်အမျိုးအစား အမျိုးမျိုးရှိပြီး သန့်စင်စက် အများစုသည် အိုဇုန်း နည်းပညာကို အသုံးပြု၍ ထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။ အိုဇုန်းဓာတ်သည် သဘာဝအားဖြင့် ဘက်တီးရီးယားများကို ၉၉ ရာခိုင်နှုန်း အထိ ဖယ်ရှားပေးနိုင်စွမ်းရှိပါသည်။ ဟင်းသီးဟင်းရွက် သန့်စင်စက်ကို ပါဝါခလုတ်ကို ဖွင့်၍ ဆေးကြောလိုသည့် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များနှင့်အတူ ၃-၅ လီတာ ပမာဏရှိသော ရေထဲ၌ ၁၀ မိနစ်ခန့် ထားလိုက်သည့်အခါ ၎င်းစက်၏ အလိုအလျောက်စနစ်သည် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များရှိ ဘက်တီးရီးယားနှင့် ဓာတုဆေးဝါး၊ အညစ်အကြေးများကို အချိန်တိုအတွင်း သန့်စင်ဖယ်ရှားပေးမည် ဖြစ်ပါသည်။
နည်းပညာကို အခြေခံ၍ ထုတ်လုပ်ထားသော ဟင်းသီးဟင်းရွက် သန့်စင်စက်သည် အစားအသောက်များကို ပိုမိုသန့်ရှင်းစေ၍ မိသားစုအတွက် ကျန်းမာရေး လိုအပ်ချက်များကို ပြည့်စုံစေမည်ဖြစ်ပါသည်။
ထို့ကြောင့် တိုးတက်လာသော နည်းပညာများ၏ အခန်းကဏ္ဍသည် လူသားတို့၏ သန့်ရှင်းရေး၊ ကျန်းမာရေးနှင့် နေထိုင်စားသောက်မှု စနစ်များကို အဓိက အထောက်အကူပေးလျက်ရှိသောကြောင့် ခေတ်မီတိုးတက်သော နည်းပညာနှင့်အတူ သန့်ရှင်းကျန်းမာသော လူနေမှုဘဝကို ပိုင်ဆိုင်နိုင်ရန်အတွက် အနာဂတ် လူနေမှုဘဝ၏ နေ့စဉ်သုံး ပစ္စည်းတစ်ခုအဖြစ် ပေါ်ပေါက်လာတော့မည် ဖြစ်ပါသည်။
Leave a comment